သြဂုတ် 18, 2021 | အာဖဂန်နစ္စတန်နိုင်ငံ
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ကို ဘာသာရေးအစွန်းရောက် စစ်သွေးကြွတာလီဘန်များက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးနောက် ၎င်းတို့လက်အောက်တွင် မနေလိုသည့် အာဖဂန်ပြည်သူများက ရသည့်နည်းလမ်းဖြင့် ထွက်ပြေးရန်ကြိုးစားနေကြရာ ဩဂုတ်လ (၁၆) ရက်နေ့က ကဘူးလ်မြို့လေဆိပ်မှ ပျံသန်းမည့်လေယာဉ်ကို ဖက်တွယ်လိုက်သွားသူများမှတစ်ဦးက ဗီဒီယိုရိုက်ကူးထားသည်ကို တွေ့ရခြင်းဖြစ်သည်။
လေယာဉ်ကို ဖက်တွယ်လိုက်သွားသူများအနက် (၂) ဦးမှာ လေဆိပ်မှအတက်တွင် ပြုတ်ကျသေဆုံးခဲ့သည်ကို တွေ့ရပြီး ကျန်သူများအခြေအနေမှာ သတင်းထွက်လာခြင်းမရှိသည်ကို တွေ့ရသည်။