ပုလဲမြို့နယ်အတွင်း သစ်ခိုးသယ်သည့်ကားကို ဖမ်းဆီးပြီး တရားမဝင် သစ်များကို ပုလဲ PDF က မီးရှို့ဖျက်ဆီး

ပုလဲမြို့နယ်အတွင်း သစ်ခိုးသယ်သည့်ကားကို ဖမ်းဆီးပြီး တရားမဝင် သစ်များကို ပုလဲ PDF က မီးရှို့ဖျက်ဆီး
ဇူလိုင် 24, 2021

စစ်ကိုင်းတိုင်းဒေသကြီး၏ တောင်ပိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အင်တိုင်းသာကျေးရွာအနီးတွင် တရားမဝင်သစ်များ သယ်ဆောင်လာသည့် သစ်မှောင်ခိုကားအား ဖမ်းဆီးပြီး သစ်များကို ပုလဲ PDF က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အင်တိုင်းသာကျေးရွာအနီးတွင် ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်အချိန်က ပိတောက်သား (၃)တန်နီးပါး တင်ဆောင်လာသည့် သစ်မှောင်ခိုကားကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က တားဆီးပြီး နေရာမှာပင် သစ်များကို မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သစ်မှောင်ခိုသမားများသည် စစ်တပ်၊ ထွေအုပ်၊ သစ်တော နှင့် ရဲတပ်ဖွဲ့တို့အား ငွေကြေးများပေးကာ တရားမဝင် သယ်ဆောင်နေကြခြင်း ဖြစ်သည်ဟု သိရသည်။