အာဏာသိမ်းအဖွဲ့၏ ဖမ်းဆီးထားမှုစဉ်အတွင်း COVID 19 ကူးစက်ခံရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်၌ ကွန်လွန်သွားသည့် NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းအား အင်းစိန်ထောင်တွင်း သေဆုံးသည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးက ဖေါ်ပြထားသည်။
၂၁.၇.၂၀၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ
အကျဉ်းထောင်များတွင် COVID 19 ဖြစ်ပွားသူ (၃၇၅) ဦးရှိပြီး အကျဉ်းထောင်ဆေးရုံ၊ ဆေးခန်းများတွင် COVID 19 positive center များ သီးခြားဖွင့်လှစ်ကုသပေးနေကာ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းမှာ အင်းစိန်ထောင်တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့ နံနက် (၉)နာရီက ကွယ်လွန်သွားခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
၂၂.၇.၂၀၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ
ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းမှာ COVID 19 ကူးစက်ခံရမှုကြောင့် ဇူလိုင်လ (၁၁) ရက်နေ့ကတည်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူခဲ့ရပြီး ဇူလိုင်လ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် အထူးကြပ်မတ်ကုသခန်း၌ ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုမှ ဇူလိုင်လ(၂၂)ရက်နေ့တွင် ကြေညာထားသည့် နာရေးကြေညာစာ ဖော်ပြထားသည်ကို တွေ့ရသည်။
#TachileikNewsAgency