လမ်းမတော်၊ မင်္ဂလာဒုံနှင့် စမ်းချောင်းတို့၏ လျှပ်စစ်ရုံးများတွင် နံနက်ပိုင်းအတွင်းပေါက်ကွဲမှု ဖြစ်

လမ်းမတော်၊ မင်္ဂလာဒုံနှင့် စမ်းချောင်းတို့၏ လျှပ်စစ်ရုံးများတွင် နံနက်ပိုင်းအတွင်းပေါက်ကွဲမှု ဖြစ်
ဇူလိုင် 9, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ ဇူလိုင်လ(၉)ရက်နေ့ နံနက်ပိုင်းအတွင်း လမ်းမတော်၊ မင်္ဂလာဒုံနှင့် စမ်းချောင်းမြို့နယ်တို့၏ လျှပ်စစ်ရုံးများတွင် ယနေ့ ဇူလိုင်လ(၉)ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် လျှပ်စစ်ရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်းကြောင့် ရုံးတံခါးများ ပျက်စီးသွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်များမှ လာရောက်စစ်ဆေးကြောင်း သိရသည်။

 CJ

လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ရုံးတွင် ယနေ့ နံနက်(၉)နာရီဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်ပွား၍ ရုံးအဆောက်အဦ အနည်းငယ် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"အသံအကျယ်ကြီး ကြားလိုက်ရတယ်။ လူကို ထိခိုက်တာတော့မရှိဘူး။"ဟု လမ်းမတော်မြို့နေသူ တစ်ဦးက ပြောသည်။

အလားတူ ယနေ့ နံနက်(၁၀)နာရီကျော်တွင် စမ်းချောင်းမြို့နယ် လျှပ်စစ်ရုံးဘေးရှိ ဓါတ်တိုင်တွင် ပေါက်ကွဲခြင်း ဖြစ်၍ လူထိခိုက်မှု မရှိကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ဖြစ်ခြင်း အချိန်တွင် အာဏာသိမ်း စစ်ကောင်စီ၏ စစ်သားများ ထွက်လာကြပြီး စစ်ဆေးနေကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာခ ကောက်ခံသူများ နှင့် ယာဉ်ထိန်းရဲများ၏ အသက်အန္တရာယ်များကို အာမခံမည်မဟုတ်ကြောင်း စစ်အာဏာရှင်ကို မလိုလား၍ ဆန့်ကျင်နေသည့် အဖွဲ့အစည်းအသီးသီးကလည်း သတိပေးထားရှိသည်။ 

#TachileikNewsAgency