ပုလဲမြို့နယ်အတွင်း နဂါးမတောင်အနီးတွင် အာဏာသိမ်းစစ်တပ်၏ စစ်ကား (၃)စီး မိုင်းထိ

ပုလဲမြို့နယ်အတွင်း နဂါးမတောင်အနီးတွင် အာဏာသိမ်းစစ်တပ်၏ စစ်ကား (၃)စီး မိုင်းထိ
ဇွန် 25, 2021

 စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ကား (၃) စီး နဂါးမတောင်အနီး၌ မိုင်းထိသွားသည်ဟု ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDYD) က သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုင်းထိမှုကြောင့် သေဆုံးထိခိုက်သည့်အခြေအနေကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းမာပင်ခရိုင်အတွင်း သွားလာနေကြသည့် အိမ်စီးကား၊ ကုန်တင်ယာဉ်၊ သယ်ယူပို့ဆောင်ရေးယာဉ်များအနေဖြင့် ကားမှန်များချ၍ သွားလာကြရန် ဇွန်လ (၂၃) ရက်နေ့တွင် PDYD က ထုတ်ပြန်သတိပေးထားပြီး မော်တော်ယာဉ်များ၊ စက်လှေများအနေဖြင့်လည်း လမ်းကြောင်းလုံခြုံမှုအခြေအနေကို ချိတ်ဆက်စုံစမ်းပြီးမှ သွားလာကြရန် အသိပေးထားသည်ကိုလည်း တွေ့ရသည်။