စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်း ၂၀၂၁ ခုနှစ် ဇွန်လ (၂၂) ရက်နေ့က PDF ကို လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ (၅) ဦး သေဆုံးသွားပြီး လက်နက်ကြီးထိမှန်သည့် ရွာသားအချို့လည်းရှိကြောင်း PDF က သတင်းထုတ်ပြန်ထားသည်။
ယင်းမာပင်ခရိုင် တရော်ကျင်းရွာနှင့် ရွာလေးရွာအနီးတွင် ယနေ့ နေ့လယ်ပိုင်းက စ၍ PDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ပစ်ခတ်မှုများဖြစ်ပွားရာ အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့်ပါ တိုက်ခိုက်သဖြင့် ဒေသခံကျေးရွာသားအချို့ ထိခိုက်မှုရှိသွားကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ မန္တလေးတွင် PDF လူငယ်များအား တိုက်ခိုက်ရာတွင်လည်း အင်အားအများအပြားသုံးသည့်အပြင် လက်နက်ကြီးများပါ အသုံးပြုခဲ့သည်ကို တွေ့ရသည်။
Photo: ယင်းမာပင်(PDF)