အာဏာသိမ်းစစ်တပ်မှ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင့် ပစ်ခတ်မှုကြောင့် ရက်ပေါင်း (၁၁၇)ရက်အတွင်း၌ သေဆုံးသည့် ပြည်သူ စုစုပေါင်း (၈၃၃)ဦးရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မေလ(၂၈)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားရှိသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ မေလ(၂၈)ရက်နေ့အထိ ရက်ပေါင်း (၁၁၇)ရက်အတွင်း သေဆုံးသူ စာရင်းမှာ (၈၃၃)ဦးရှိသော်လည်း လက်ရှိစာရင်းမှာ AAPP က လက်လှမ်းမီသလောက်သာဖြစ်ပြီး စာရင်းမရရှိထားသည့်၊ အလောင်းဖျောက်ခံထားရသည့် စာရင်းများရှိနေကြောင်းလည်း AAPP က အသိပေးထားသည်။
စစ်တပ်၏ တပ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အသက်(၁၈)နှစ်မပြည့်သေးသည့် ကလေးများမှာ မေလ(၂၇)ရက်နေ့အထိ (၇၃)ဦးအထိ ရှိနေကြောင်း သိရသည်။
AAPP ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၄၃၅၀) ဦးရှိနေပြီး (၁၀၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း သိရသည်။