တာချီလိတ်မြို့တွင် အာဏာသိမ်းအဖွဲ့၏   ပြည်ထောင်စုဝန်ကြီး ရောက်နေချိန်တွင် မြို့ထဲ၌   ဗုံးကွဲ

တာချီလိတ်မြို့တွင် အာဏာသိမ်းအဖွဲ့၏   ပြည်ထောင်စုဝန်ကြီး ရောက်နေချိန်တွင် မြို့ထဲ၌   ဗုံးကွဲ
မေ 24, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ၊ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း (၄)လမ်း နှင့် (၅)လမ်းအကြား လမ်းမကြီးပေါ်တွင် ယနေ့  ၂၀၂၁ခုနှစ် မေလ(၂၄)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် အသံကျယ်လောင်စွာထွက်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

ယနေ့ မေလ(၂၄)ရက်နေ့တွင် တာချီလိတ်မြို့သို့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်လည်း ရောက်ရှိနေကြောင်း သိရသည်။ 

တာချီလိတ်မြို့တွင် ညပိုင်းများတွင် မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

#TachileikNewsAgency