ဖာပွန်ခရိုင်အတွင်း KNU နှင့် တိုက်ပွဲတွင် နယ်ခြားစောင့်တပ်က အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ ဝင်တိုက်ပေးနေ

၂၀၂၁ခုနှစ် မေ (၂၀)ရက်နေ့က BGF ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရအပြီးပုံ [Photo: ဒူးပလာယာခရိုင်]
၂၀၂၁ခုနှစ် မေ (၂၀)ရက်နေ့က BGF ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရအပြီးပုံ [Photo: ဒူးပလာယာခရိုင်]
ဖာပွန်ခရိုင်အတွင်း KNU နှင့် တိုက်ပွဲတွင် နယ်ခြားစောင့်တပ်က အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ ဝင်တိုက်ပေးနေ
မေ 22, 2021

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် KNU တို့ ၂၀၂၁ ခုနှစ် မေလ (၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ရာ ကရင်နယ်ခြားစောင့်တပ်က စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးကြောင်း သိရသည်။

ဖာပွန်ခရိုင် မထောကျေးရွာနှင့် ခွေးသေကျေးရွာအကြား ဖာပွန် - ကတိုင်ထိလမ်းမပေါ်တွင် နေ့လယ် (၁၂) နာရီခွဲဝန်းကျင်မှစ၍ တစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အထိအခိုက်အကျအဆုံးကို မသိရသေးကြောင်း KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။

KNU တပ်မဟာ(၅) နယ်မြေဖြစ်သည့် ဖာပွန်ခရိုင်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းများကို KNU က ဧပြီလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှကူညီနေသည့် ကရင်နယ်ခြားစောင့်တပ်(BGF)က KNU တပ်မဟာ(၅)နယ်မြေအတွင်း ဝင်ရောက်လာမှုများရှိနေရာ မေလ (၂၀) ရက်နေ့ကလည်း BGF ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၁) ဦးသေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။