မင်းတပ် ပူကွန်းကျေးရွာအနီး တပ်စွဲရန်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက အရပ်ဝတ်များဖြင့် စစ်ဘေးရှောင်အယောင်ဆောင်ထား

မင်းတပ် ပူကွန်းကျေးရွာအနီး တပ်စွဲရန်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက အရပ်ဝတ်များဖြင့် စစ်ဘေးရှောင်အယောင်ဆောင်ထား
မေ 22, 2021

ချင်းပြည်နယ် (တောင်ပိုင်း) မင်းတပ်မြို့ ပူကွန်း (ဘူးကွန်း) ကျေးရွာတွင် ၂၀၂၁ ခုနှစ် မေလ (၂၁) ရက်နေ့က တပ်စွဲရန်လာသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က အရပ်ဝတ်များဖြင့် စစ်ဘေးရှောင်အယောင်ဆောင်ပြီး ရောက်လာကြသည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။ 

တာလပတ်များခြုံ၍ အရပ်ဝတ်များဖြင့် စစ်ဘေးရှောင်အယောင်ဆောင်၍ တက်လာသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က CDF မင်းတပ်နှင့် နေ့လယ် ၂ နာရီဝန်းကျင်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ အနီးကပ်၍ မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်ကြသည့်အပြင် လက်နက်ကြီးများပါ အသုံးပြုသည်ဟု သိရသည်။

ညနေ (၆) နာရီအထိ ဖြစ်ပွားသည့် ပစ်ခတ်မှုအတွင်း CDF-Mindat မှ (၁) ယောက်ကျဆုံး၍ ဒဏ်ရာရသူ (၉) ဦး ရှိပြီး အာဏာသိမ်းအဖွဲ့၏တပ်မှ (၁) ယောက်သေဆုံးသည်ဟု သိရသည်။

မင်းတပ်မြို့တွင်  ချီချောင်းဘက်မှ ပူကွန်းရွာသို့ တပ်စွဲရန်လာသည့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် Chin National Defense Force (မင်းတပ်)တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။