အမေရိကန်နိုင်ငံရောက် ကရင်နီလူမျိုးစု သပိတ်ကော်မတီ(အင်ဒီယားနာပိုလစ်)က နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ဈေးရောင်းပွဲတော် ပြုလုပ်

 အမေရိကန်နိုင်ငံရောက် ကရင်နီလူမျိုးစု သပိတ်ကော်မတီ(အင်ဒီယားနာပိုလစ်)က နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေ ဈေးရောင်းပွဲတော် ပြုလုပ်

မြန်မာနိုင်ငံအတွင်း နွေဦးတော်လှန်ရေးအတွက် လိုအပ်သည့်နေရာများတွင် ထောက်ပံ့ပေးနိုင်ရန်  အမေရိကန်နိုင်ငံရောက် ကရင်နီလူမျိုးစု သပိတ်ကော်မတီ(အင်ဒီယားနာပိုလစ်)မှ ဦးဆောင်ကာ ရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲတော်အား ၂၀၂၁ခုနှစ် မေလ၏ ပထမပတ်အတွင်းက လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲကို  အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသား (၃၀၀)ကျော်လာရောက်ပြီး အစားအစာများ ဝယ်ယူကာ  တစ်ဦးချင်းစီအလှူငွေများ ထည်ဝင်ခြင်းဖြင့် စုပေါင်း ပါဝင်ခဲ့ကြကြောင်း သိရသည်။

ကရင်နီလူမျိုးစု သပိတ်ကော်မတီ(အင်ဒီယားနာပိုလစ်)သည် ပြည်ပနိုင်ငံတွင် ရောက်ရှိနေသော်လည်း စစ်အာဏာရှင်ကျဆုံးရေးအတွက် တတ်နိုင်သည့် နည်းဖြင့် ပါဝင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။