လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဌာန (၇)ခုမှ CDM လုပ်ဆောင်ထားသည့် ဝန်ထမ်း (၃,၇၂၁)ဦးကို ဝန်ထမ်းအဖြစ်ကနေ အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ထုတ်ပယ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဌာန (၇)ခုမှ CDM လုပ်ဆောင်ထားသည့် ဝန်ထမ်း (၃,၇၂၁)ဦးကို ဝန်ထမ်းအဖြစ်ကနေ အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ထုတ်ပယ်
မေ 6, 2021

နိုင်ငံကို စစ်တပ်က လက်နက်အားကိုးဖြင့် မတရားအာဏာသိမ်းလိုက်သည့်အတွက် စစ်ကောင်စီ၏ ယန္တရားတွင် ပါဝင် မလုပ်ဆောင်လိုတော့၍ CDM လုပ်ဆောင်ထားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ် ဌာန(၇)ခုမှ အမှုထမ်း၊အရာထမ်း ဝန်ထမ်းပေါင်း (၃,၇၂၁)ဦးကို ဝန်ထမ်းအဖြစ်မှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့က ထုတ်ပယ်လိုက်ကြောင်း သိရသည်။



လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် CDM လုပ်ဆောင်၍ဟုဆိုကာ ထုတ်ပယ်ခံရသူများတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရုံးမှ (၂၈)ဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန(DEPP)မှ (၂၁)ဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)မှ (၅၈၀)ဦး၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန(DHP)မှ (၃၈၇)ဦး၊ မန္တလေးလျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း(MESC) မှ (၈၄၀)ဦး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)မှ (၂၄၁)ဦး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း(ESE)မှ (၁၃၃၀)ဦး၊  ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ (၂၈၅)ဦးတို့ ပါဝင်ရာ ရုံးဝန်ထမ်း အမျိုးသား (၂၄၀)ဦး နှင့် အမျိုးသမီး (၃၄၇၂)ဦး ရှိကြောင်း သိရသည်။

 

ယခုဖော်ပြသည့် စာရင်းမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဌာန (၇)ဦခုမှ စာရင်းများသာဖြစ်ပြီး စွမ်းအင်အပိုင်းက ထုတ်ပယ်ခံရသူများလည်းရှိသေးကြောင်း သိရသည်။