စစ်အာဏာသိမ်းမှုကို လက်မခံ၍ CDM လုပ်နေသည့် ဝန်ထမ်းများကို မူရင်း လစာနှုန်းထားအတိုင်း လစဉ်ပုံမှန်ခံစားခွင့်ရစေရန် မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဘတ်ဂျက်လျာထားရေးဆွဲနေပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝန်ကြီးဌာန အသီးသီးဖွဲ့စည်းပြီးနောက် ဘက်ဂျက်လျာထားချက်များ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က ဦးဆောင်ရေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။
ကက်ဘိနက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘက်ဂျက် လျာထားချက်များတွင် CDM ဝန်ထမ်းများအား မူရင်းလစာအတိုင်း လစဉ်ပုံမှန်ပေးအပ်သွားရန် အစီအစဉ်လည်း ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။