တာချီလိတ်၊ မိုင်းဆတ်၊ ကျိုင်းတုံ ခရိုင်(၃)ခရိုင်မှ မြေစာရင်း ဝန်ထမ်း (၂၃)ဦး CDM လုပ်ဆောင်၊ ဖိအားပေးလာသူများကို Social Punishment ပြန်လည်လုပ်ဆောင်မည်

တာချီလိတ်၊ မိုင်းဆတ်၊ ကျိုင်းတုံ ခရိုင်(၃)ခရိုင်မှ မြေစာရင်း ဝန်ထမ်း (၂၃)ဦး CDM လုပ်ဆောင်၊ ဖိအားပေးလာသူများကို Social Punishment ပြန်လည်လုပ်ဆောင်မည်
မတ် 10, 2021

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့မှ CDM ပြုလုပ်နေသည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန(မြေစာရင်း)ဝန်ထမ်း (၂၃) ဦးအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားကို အလေးထား၍ လုပ်ဆောင်နေခြင်းသာဖြစ်၍ ဌာနတွင်းအရေးယူရန် လုပ်ဆောင်ပါက Social Punishment  ပြန်လည်လုပ်ဆောင်ရမည်ဟု သိရသည်။



“ကျွန်တော်/ကျွန်မတို့သည် မိမိနိုင်ငံအတွက် သံတစ်ပွင့်အုတ်တစ်ချပ်စာမျှ ပါဝင်ကူညီပါသည်။ ကျွန်တော်/ကျွန်မတို့ ပြုလုပ်သမျှသည် ကျွန်ုပ်တို့နှင့်သာ သက်ဆိုင်ပါကြောင်း ကျွန်ုပ်တို့၏ အထက်အရာရှိများနှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါ။”ဟု မြေစာရင်းဝန်ထမ်းများ၏ ဆန္ဒသဘောထားထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြည်သူတင်မြှောက်ထားသည့် အစိုးရအား ဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက CDM ပြုလုပ်နေကြသည်ကို ဖိအားပေး၍ ဌာနတွင်းအရေးယူမှုများ လုပ်ဆောင်ရန်ကြိုးစားနေကြခြင်းဖြစ်သည်။