တပ်က နိုင်ငံတော်အာဏာသိမ်းမှုနှင့်ပတ်သက်၍ Civil Disobedience Movement ကို အစိုးရဝန်ထမ်းများက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် စတင်လှုပ်ရှားလာရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ဆေးရုံကြီး၏ လက်ထောက်ဆရာဝန်များအပြင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများလည်း ပူးပေါင်းလုပ်ဆောင်နေကြသည်။
စစ်တပ်က ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် အစိုးရအဖွဲ့အား ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် အစိုးရဝန်ထမ်းများက ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းအား ဆက်လက်လုပ်ဆောင်ခြင်း မပြုသည့်နည်းဖြင့် ဆန္ဒထုတ်ဖေါ်လာကြခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပညာရေးဝန်ထမ်းများလည်း ပူးပေါင်းပါဝင်၍ ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစ၍ Civil Disobedience Movement Campaign အား လုပ်ဆောင်လာကြရာ အဆိုပါ လှုပ်ရှားမှုအား ပံ့ပိုးသည့် အနေဖြင့် ပြင်ပဆေးခန်းအချို့က ဆေးရုံပြရမည့်လူနာများအား အခမဲ့ကုသပေးရေးလှုပ်ရှားမှုများနှင့် ကမ်ပိန်းတွင် ပါဝင်သည့်ဝန်ထမ်းများ ရေရှည်လုပ်ဆောင်နိုင်ရေးအတွက် ငွေကြေးကူညီပံ့ပိုးနိုင်ရေး လှုပ်ရှားမှုများလည်း ပေါ်ပေါက်လာသည်။
Tachileik News Agency