ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ကျန်းမာရေးဝန်ထမ်း (၁၆၅၂)ဦးအတွက် COVID ကာကွယ်ဆေး တာချီလိတ်လေဆိပ်သို့ ရောက်ရှိ

 ကိုဗစ်ကာကွယ်ဆေးများ Air KBZ လေယာဉ်ဖြင့် တာချီလိတ်လေဆိပ်သို့ ရောက်ရှိ
ကိုဗစ်ကာကွယ်ဆေးများ Air KBZ လေယာဉ်ဖြင့် တာချီလိတ်လေဆိပ်သို့ ရောက်ရှိ
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ကျန်းမာရေးဝန်ထမ်း (၁၆၅၂)ဦးအတွက် COVID ကာကွယ်ဆေး တာချီလိတ်လေဆိပ်သို့ ရောက်ရှိ
ဇန်နဝါရီ 26, 2021

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှ ကျန်းမာရေးဝန်ထမ်း (၁၆၅၂) ဦးအတွက် COVI –SHIELD (AstraZeneca) ကာကွယ်ဆေးများ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်လေဆိပ်သို့ ရောက်ရှိလာပြီဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ လက်ရှိကျွန်တော်တို့ ကုသရေးပိုင်းနဲ့ ပြည်သူ့ကျန်းမာရေးပိုင်းရယ် နှစ်ပိုင်းမှာ ဒီတစ်ခေါက်ရောက်မှာက (၁၆၅၂) ဦးစာအတွက်ကို အခုဆေးရောက်ပါလာတာပါ

ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ မြို့နယ်ကျန်းမာရေးမှူး  ကျော်စွာထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွက် ကိုဗစ်ကာကွယ်ဆေးများကို ယခင်က ကျိုင်းတုံလေဆိပ်သို့ ပို့ဆောင်ရန် စီစဉ်ထားရာ အစီအစဉ်ကို ပြောင်းလဲကာ Air KBZ လေယာဉ်ဖြင့် တာချီလိတ်လေဆိပ်သို့ ပို့ဆောင်လာခြင်းဖြစ်သည်။

ရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေးများကို ကျိုင်းတုံမြို့ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သယ်ဆောင်သွားပြီး ဇန်နဝါရီလ (၂၇)ရက်နေ့တွင် မြို့နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးသွားမည်ဖြစ်သည်။

Tachileik News Agency

ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။