ထိုင်းနိုင်ငံတွင် သဘာဝဘေးမဲ့တောအတွင်း မီးရှို့မှုဖြင့် မြန်မာနိုင်ငံသား အမျိုးသမီး (၁)ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် သဘာဝဘေးမဲ့တောအတွင်း မီးရှို့မှုဖြင့် မြန်မာနိုင်ငံသား အမျိုးသမီး (၁)ဦး ဖမ်းဆီးခံရ
ဇန်နဝါရီ 4, 2021 | နိုင်ငံတကာသတင်း

 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ ခွမ်လန်အမျိုးသား သဘာဝဘေးမဲ့တောအတွင်း မီးရှို့မှုဖြင့် မြန်မာနိုင်ငံသား အမျိုးသမီး (၁) ဦးကို အမျိုးသားသဘာဝဥယျာဉ်မှ တာဝန်ရှိသူများက ဖမ်းဆီးရမိ၍ ဥပဒေအရ အရေးယူနိုင်ရန် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

ခွမ်လန်အမျိုးသားသဘာဝဥယျာဉ်အတွင်း ညနေ (၃)နာရီဝန်းကျင်က မီးခိုးများထွက်လာသည့်နေရာသို့ တာဝန်ရှိသူများရောက်သွားစဉ် အမျိုးသမီးတစ်ဦး ထွက်ပြေးသွားသည်ကို တွေ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ မြန်မာနိုင်ငံသား မလုံး ဆိုသူဖြစ်ပြီး ခေါက်ဆွဲပြုတ်ရန် မီးမွှေးရာမှ လေတိုက်ကာ တောအတွင်း မီးကူးစက်လောင်ကျွမ်းလာသဖြင့် ထွက်ပြေးခြင်းဖြစ်သည်ဟု သိရသည်။

 ဥယျာဉ်အတွင်း (၁) ဧကခွဲခန့် မီးလောင်ကျွမ်းပြီးနောက် မီးကိုငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးမဲ့တောဥယျာဉ်မှာ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့က ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်၏ သက်တော် (၆၀)ပြည့်မွေးနေ့အဖြစ် သတ်မှတ်ထားသည့် သဘာဝဘေးမဲ့တော (၅)တောတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

Source: CTN News

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။