နှစ်စဉ်လိုလိုကျင်းပမြဲ ဖြစ်သော ငွေတော်ဦးခြေတော်ရာပါဒစေတီရင်ပြင်ပေါ်တွင် လာရောက်လှူဒါန်းသူများ ညောင်ရေသွန်းလောင်းသူများမှာ များပြားလှပါသည်။
အစီအစဉ်
- ( ၁ ) ၅-၅-၂၀၁၂ စနေနေ့၊ နံနက် ( ၇ )နာရီအချိန်တွင် မဟာဗောဓိရွှေညောင်ပင်အား ပန်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် သွန်းလောင်းပူဇော်ခြင်း။
- ( ၂ ) ၅-၅-၂၀၁၂ စနေနေ့၊ နံနက် ( ၁၀ )နာရီအချိန်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း။
- ( ၃ ) ၅-၅-၂၀၁၂ စနေနေ့၊ မွန်းတည့် ( ၁၂ )နာရီအချိန်တွင် ခြေတော်ရာဘုရား ဓမ္မာရုံသစ်ကြီးတွင် သံဃာတော်အရှင်သူမြတ်တို့ ဟောကြားတော်မူသော ပရိတ်တရားတော်၊
- အနုမောဒနာတရားတော်မြတ်တို့ကို တူမကွာ နာယူမှတ်သား၍ ရေစက်သွန်းချအမျှပေးဝေခြင်း။
- ( ၄ ) ၅-၅-၂၀၁၂ စနေနေ့၊ နေ့လည် ( 1 )နာရီအချိန်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်
- ( ၁၀၈ )ပါးတို့နှင့် သီလရှင် ( ၆၀ )ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း။ ( သံဃာတော် (၁၀၆) ပါးနှင့် သီလရှင် (၇၃) ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်အလှူခံတော်မှုကြပါသည်။ )
ညောင်ရေသွန်းပွဲတော် ကျင်းပခြင်း နှင့် ကဆုန်လပြည့်နေ့အကြောင်း
ဗုဒ္ဓဘာသာ မြန်မာတို့သည် ကဆုန်လပြည့်နေ့ ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ယူစကြသည်. . . . . "ဗျာဒိတ်၊ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်" ဆိုသည်နှင့် အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်ဆိုင်ရာ ထူးခြားသော သမိုင်းမှတ်တိုင်များ ရှိခဲ့သည်. . . .
- (၁) ဘုရား အလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှာ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်တော် ခံယူရရှိသည့် နေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။
- (၂) မဟာသက္ကရာဇ် ၆၈ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊နံနက်၊ တစ်ချက်တီးအချိန်၊ ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ကပိလ၀တ်ပြည်နှင့် ဒေ၀ဒေဟပြည်အကြား လုဗ္ဗိနီသာမော အင်ကြင်းတောဝယ် . . . သုဒ္ဓေါဓနမင်းကြီး၏ ရှုမငြီးသော ကြင်ယာတော် မယ်တော်မာရာ၏ ၀မ်းကြာတိုက်မှ ဘုရားလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်. . .
- (၃) ဘုရားလောင်းတော်သည်. . သက္ကရာဇ် ၁၀၃ ခုနှစ၊်ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ရောက်ရှိခဲ့သည်. . .
- (၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္က၊ ဗုဒ္ဓဟေဆိုသည်နှင့် အညီ ဖွားဖက်တော်ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ (ဗောဓိပင်) သည်လည်း ကဆုန်လပြည့်နေ့တွင် ပင် ပေါက်ရောက်ခဲ့သည်.
- (၅) သက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ၀ါတော် ၄၅၀ါ ၊ သက်တော် ၈၀ ၌ဘုရားရှင်သည် နယ်မာလာတိုင်း ၊ကုသိနာရုံရှိ အင်ကြင်းတောဝယ် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်းဖြစ်သည်. . .
- မြတ်စွာဘုရား ဘုရား အဖြစ်သို့ရောက်တော်မူသည်မှာလည်း ဗောဓိညောင်ပင်ရင်း တွင်ပင်ဖြစ်သည်။
မြတ်ဗုဒ္ဓနှင့်ပတ်သက်နေသော ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအဖို့ အလေးအနက် ကြည်ညိုလေးစားဖွယ်ဖြစ်လာသည်။ ရာသီဥတုအရလည်း ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ကျင်းပသည်ဟု ယူဆရပါသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပဒေသရာဇ်ခေတ်မှသည် ယနေ့ထက်တိုင် ကျင်းပနေဆဲဖြစ်သည်. . . ဤသို့ ဗုဒ္ဓနေ့ကို အကြောင်းပြု၍ မြို့ကြီးပြကြီးမှသည်. . . တောလက်ကျေးရွာဇနပုဒ်အထိ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည် ဘာသာယဉ်ကျေးမှုအတွက် ကောင်းမြတ်သော အစဉ်အလာဖြစ်ပါသည်...
ပုံများကို ပြည့်စုံစွာကြည့်လိုလျှင်