ထိုင်းနိုင်ငံသတင်းဌာနတစ်ခု၏ ရေးသားဖော်ပြချက်တွင် ထိုင်း - မြန်မာနယ်စပ်တွင် ထုတ်လုပ်သည်ဟု ယူဆရသော စိတ်ကြွဆေးပြားများကို ချင်းရိုင်း/မယ့်ဖလုံသို့ တောလမ်းခရီးမှ သယ်ဆောင်လာမည်ဟု ဖာမွန်း(န)ရဲတပ်ဖွဲ့မှ သတင်းရရှိထားပြီး ၎င်းတို့တပ်ဖွဲ့မှ လက်နက်အပြည့်အစုံဖြင့် လမ်းကြောင်းများကို ပိတ်စို့၍စစ်ဆေးနေလျက်ရှိရာ ၂၆.၆.၂၀၁၂နေ့ ညပိုင်းတွင် မသင်္ကာဖွယ်ရှိသော အသက်( ၁၅ )နှစ်အရွယ် အွန့်အမည်ရှိ ကောင်လေးသည် ဆိုင်ကယ်ဖြင့် အရှိန်ပြင်းစွာမောင်းနှင်လာသည်ကို ရဲတပ်ဖွဲ့များမှ တားမြစ်စစ်ဆေးရာတွင် စိတ်ကြွရူးသွပ်ဆေးပြား ( ၂၀၀၀၀ )ကို ရှာဖွေသိမ်းဆည်းရမိသည်။
အွန့်၏ ထွက်ဆိုချက်အရ "စိတ်ကြွရူးသွပ်ဆေးပြားများကို ထိုင်း-မြန်မာနယ်စပ် တောလမ်းမှ သယ်ဆောင်လာပြီး တောလမ်းခရီး၏အဆုံး ၅၀၀မီတာအကွာတွင် မူးယစ်ဆေးဝါးများကို ၎င်းမှ တဆင့် ရယူရန် စောင့်ဆိုင်းနေသော လူနှစ်ယောက်အား သွားရောက်ပေးရန်"ဟု ထွက်ဆိုသည်။
အွန့်၏ ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့များမှာ ၎င်းတို့အား သွားရောက်ဖမ်းဆီးရာ စောင့်ဆိုင်းနေသော လူနှစ်ယောက်မှာ ရဲများကိုမြင်သောအခါ တစ်ယောက်မှာ ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားပြီး ကျန်တစ်ယောက်မှာ တောလမ်းထဲသို့ ၀င်ရောက်ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိပါသည်။
ယခုဖြစ်ရပ်နှင့် စပ်လျဉ်း၍ ယခင်က မယ့်ဖလုံ ရဲစစ်ဆေးရေးဂိတ်ရှိ အစောင့်ရဲတပ်ဖွဲ့များကို အဖွဲ့လိုက် သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားသော အဖွဲ့နှင့်ပတ်သက်နေသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့မှာ ဆိုသည်။
www.tachileik.net