တာချီလိတ်မြို့၌ကျင်းပသော (၁၇)ကြိမ်မြောက် တရားပွဲတွင် ဆရာတော် သီတဂူ အရှင်တိက္ခသာရမှ (၂)ညတာ တရားတော်ဟောကြား

တာချီလိတ်မြို့၌ကျင်းပသော (၁၇)ကြိမ်မြောက် တရားပွဲတွင် ဆရာတော် သီတဂူ အရှင်တိက္ခသာရမှ (၂)ညတာ တရားတော်ဟောကြား
နိုဝင်ဘာ 17, 2012
By Tachileik News Agency

တာချီလိတ်မြို့ရှိ အမျိုး ဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေးအဖွဲ့မှ ကြီးမှူးကျင်းပလျှက်ရှိသော(၁၇)ကြိမ်မြောက် တရားပွဲ၏ (၃)ရက်မြောက် ဒုတိယ ဆရာတော်မှာ သီတဂူ အရှင်တိက္ခသာရ သာသနာ့ဓဇဓမ္မာစရိယ ( MA.Buddhism )ဆရာတော်ဖြစ်ပါတယ်။

ဆရာတော် သီတဂူ အရှင်တိက္ခသာရသည် နိုဝင်ဘာ(၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့ (၂)ညတိုင်တိုင် တာချီလိတ်မြို့မှာ တရားတော်ဟောကြားတော်မှုခဲ့ပြီး နိုဝင်ဘာ(၁၇)ရက်နေ့ ညပိုင်းတွင်လည်း တာလေမြို့နယ်ခွဲတွင် (၁)ည တရားတော်ဟောကြားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ(၁၆)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့ရှိ ဘိုးဘွားရိပ်သာ နှင့် ပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဂေဟာသို့ ကြွရောက်တော်မှုပြီး လှူဒါန်းစွန့်ကြဲမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။