တာချီလိတ်မြို့နယ်တွင် (၂၀၁၂-၂၀၁၃)ပညာသင်နှစ် ဆရာ ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း လုပ်ငန်းဆွေးနွေးပွဲ(၃) ဖွင့်လှစ်ပို့ချ

တာချီလိတ်မြို့နယ်တွင် (၂၀၁၂-၂၀၁၃)ပညာသင်နှစ် ဆရာ ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း လုပ်ငန်းဆွေးနွေးပွဲ(၃) ဖွင့်လှစ်ပို့ချ
ဒီဇင်ဘာ 28, 2012
By Tachileik News Agency

တာချီလိတ်မြို့နယ်တွင် (၂၀၁၂-၂၀၁၃)ပညာသင်နှစ် ဆရာ ဆရာမများ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်း လုပ်ငန်းဆွေးနွေးပွဲ(၃)ကို အထက(တာချီလိတ်) ပြည်ထောင်စုဆောင်တွင် (၂၃.၁၂.၁၂) မှ (၂၉.၁၂.၂၀၁၂)ထိ ဖွင့်လှစ်ပို့ချလျှက်ရှိတာကို သိရှိရပါတယ်။

သင်တန်းတွင် မြို့နယ်အတွင်းရှိ ဆရာဆရာမ(၂၃၄)ဦးတက်ရောက်လျှက်ရှိပြီး ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သော ဗဟိုအဆင့် တက်ရောက်ခဲ့သည့် မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း(၁၈)ဦးမှ ပို့ချလျှက်ရှိပါသည်။ သင်တန်းသို့ ပညာရေးဝန်ကြီးဌာနပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ
ဆရာမကြီး ဒေါ်တင်တင်လေး၊ အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ဆရာမကြီး ဒေါ်မူမူတို့နှင့်အတူ ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးခွဲမှ ပြည်နယ်စစ်ဆေးရေး ဆရာမကြီးဒေါ်ညွန့်ညွန့်ကြည်တို့မှ လာရောက်ကြီးကြပ်လျှက်ရှိကြောင်း သိရှိရပါတယ်။

ထို့ပြင် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်သည့် မြို့နယ်ပညာရေး အလုပ်အမှုဆောင် အဖွဲ့ကလည်း အနီးကပ်ကြီးကြပ်လျှက်ရှိကြောင်း သိရှိရပြီး ဆရာဆရာမများအနေဖြင့် သင်ကြားနည်းစနစ်သစ်များကို တစ်နှစ်အတွင်း ပထမအကြိမ်တွင် (၁၂) ရက်၊ ဒုတိယအကြိမ်တွင်(၇)ရက် ယခု တတိယအကြိမ်တွင်(၆)ရက် စုစုပေါင်း (၂၅)ရက် ပို့ချခြင်းဖြစ်ပါတယ်။

တစ်ကြိမ်သင်တန်းပြီးတိုင်း လုပ်ငန်းစီမံချက်များ ကိုယ်တိုင်ရေးဆွဲစေပြီး လုပ်ငန်းတိုးတက်မှုများကို ဆက်လက်၍ သင်တန်းများတွင် ဆွေးနွေးခြင်း၊သင်တန်းမတက်ရောက်မီ ကြားကာလများတွင် ကျောင်းအုပ်ကြီးများမှ ကြီးကြပ်၍ ကျောင်းအဆင့် သင်ကြားရေး တိုးတက်ရေး လုပ်ငန်းများအား လက်တွေ့ဆောင်ရွက်စေခြင်း၊ကျောင်းအုပ်စုအဆင့် ပညာရေးအုပ်စုမှူးများက ဦးဆောင် အကောင်အထည် ဖေါ်ခြင်းဖြင့်ဆောင်ရွက်လျှက်ရှိရာ တာချီလိတ်မြို့နယ်၏ အခြေခံပညာရေး တိုးတက်မှုသိသာစွာ မြင့်မားလာနေပြီဖြစ်ကြောင်း တွေ့မြင်ရပါတယ်။

သင်တန်းအဆင့်ဆင့်တွင်  အဆင့်မြင့်နိုင်ငံတကာအဆင့် သင်ကြားနည်းများဖြင့် လေ့လာဆွေးနွေး သင်ကြားခဲ့ကြရကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် ဆရာနည်းကျောင်းများမှာ ကျောင်းသား ၁၀၀လျှင် ၆၀% မှာတန်းတွဲ(ဆရာတစ်ဦးလျှင် အနည်းဆုံး အတန်းနှစ်တန်း သို့မဟုတ် အတန်း ၃တန်း)
သင်ကြားနေရသဖြင့် နိုင်ငံတကာအဆင်မီ တန်းတွဲသင်ကြားနည်းစနစ်သစ်များကို ယခုဆွေးနွေးပွဲ (၃)တွင် ထိရောက်စွာ သင်ကြားရပြီး ဆရာ/ဆရာများကိုယ်တိုင်လက်တွေ့ သင်ကြားကြရပါတယ်။

သင်တန်းကို ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သင်တန်းနှင့်အတူ ကလေးပျော်ကျောင်း(CHILD   FRIENDLY   SCHOOL)ဆိုင်ရာ အသိသညာများနှင့် လက်တွေ့အကောင်အထည်ဖေါ်ရေးအတွက် ဆွေးနွေးသင်ကြားခဲ့ကြရကြောင်း သတင်းရရှိပါတယ်။

သတင်းပေးပို့သူ။        ။မြတ်မျိုးမြင့်မာန်

ပုံများကိုကြည့်ရန်