တာချီလိတ်အွန်လိုင်း ။  

တာချီလိတ်အွန်လိုင်း ။  
သြဂုတ် 29, 2013
By Tachileik News Agency

တာချီလိတ်အွန်လိုင်း ။        ။ အန်ကယ်ရဲ့ အမည်နဲ့ ရာထူးကိုလည်း သိပါရစေခင်ဗျ၊
ဦးကျော်စွာလွင်(ခရိုင်လ၀က) ။ အန်ကယ်က ဦးကျော်စွာလွင်ပါ၊ ဒုတိယညွှန်ကြားရေးမှူး တာချီလိတ်ခရိုင်ဦးစီးဌာနမှူးပါ။

တာချီလိတ်အွန်လိုင်း ။        ။ ထိုင်းနိုင်ငံ နယ်စပ်စခန်းတွေမှာပေါ့နော်၊ ပတ်စပိုစ့် ဗီဇာတွေနဲ့ ပြည်တွင်း/ပြည်ပ၊ တာချီလိတ်ကနေလည်း ၀င်/ထွက်လုပ်လို့ရတယ်၊ မယ်ဆိုင်ကနေလည်း ၀င်/ထွက်လုပ်လို့ရတယ်၊ အဲ့လို ၀င်/ထွက်လုပ်လို့ရတဲ့အချိန်မှာ ဘာအထောက်အထားတွေလိုလည်း၊ ဒါမှမဟုတ် တာချီလိတ်ကနေ သွားမယ်ဆိုလည်း ဘာအထောက်အထားတွေလိုလည်းဆိုတာကို အနည်းအငယ် သိချင်လို့ခင်ဗျ၊

ဦးကျော်စွာလွင် ။          ။ ကျွန်တော်တို့ အခုလောလောဆယ်၊ နှစ်နိုင်ငံ ဒီနေ့ မနက်က ဖွင့်ပွဲမှာလည်း ဒါကို ပြည်သူတွေ တွေ့ရှိပြီး ဖြစ်တယ်ပေါ့နော်၊ လောလောဆယ်ကတော့ ကျွန်တော်တို့ ထိုင်းနိုင်ငံကနေပြီးတော့ မယ်ဆိုင်ကနေတဆင့် တာချီလိတ်ကို ၀င်မယ်ဆိုရင် ထိုင်းနိုင်ငံသား တတိယနိုင်ငံသား အားလုံးဟာ သူတို့ ပတ်စပိုစ့်ပါရမယ်၊ နောက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံးက ထုတ်ပေးတဲ့ ဗီဇာပါရမယ်၊ အဲ့ဒါဆို ကျွန်တော်တို့ ၀င်ခွင့်ပေးတယ်၊ အရင်တုန်းက ကျွန်တော်တို့က ဆောင်ရွက်ခဲ့တဲ့ နည်းစနစ်ကတော့ ထိုင်းနိုင်ငံသားနဲ့ တတိယနိုင်ငံသားတွေ ပတ်စပိုစ့်ပါတယ်ဆိုရင် ကျွန်တော်တို့က တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာကောက်တယ်၊ ကောက်ပြီးလို့ရှိရင် ကျွန်တော်တို့က ကျိုင်းတုံ - မိုင်းလား - မိုင်းဖြတ် သွားခွင့်ပေးတယ်၊ ဒီဟာကတော့ ကျွန်တော်တို့က ဒုတိယအဆင့်အနေနဲ့ မြှင့်တင်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်၊ နောက် မြန်မာပြည်ဘက်က နေပြီးတော့ ထိုင်းနိုင်ငံဘက်ကို သွားတဲ့အခါမှာလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာသွားယူရပါတယ်၊  အဲ့ဒါတော့ မြန်မာနိုင်ငံသားတွေအတွက် မြန်မာ ပတ်စပိုစ့်နဲ့ ထိုင်းဗီဇာပါတယ်ဆိုရင် ထိုင်းနိုင်ငံဘက်ကို သွားလို့ရပါတယ်၊ ဒါတွေကို ကျွန်တော်တို့ စတင်ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်။

တာချီလိတ်အွန်လိုင်း ။        ။ ဟုတ်ကဲ့၊ ဒီနေ့လိုပဲ ဖွင့်ပွဲမျိုးပေါ့နော်၊ တာချီလိတ်လိုမျိုး အခြား ထိုင်းနယ်စပ်စခန်းတွေမှာလည်း လုပ်တယ်လို့သိရပါတယ်၊ ဂိတ်ဘယ်နှစ်ဂိတ် ရှိလည်းဆိုတာကိုလည်း သိပါရစေခင်ဗျ၊

ဦးကျော်စွာလွင် ။          ။ ဒီနေ့ ၂၈.၈.၂၀၁၃ရက်နေ့ ပေါ့နော်၊ နံနက် ၈ နာရီမှာ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ် ၄ ဂိတ် ဖွင့်ပါတယ်၊  တာချီလိတ်ရယ်၊ မြ၀တီရယ်၊ ကော့သောင်းရယ်၊ ထီးခီပါ၊ အားလုံး ၄ နေရာ တပြိုင်နက်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်၊

တာချီလိတ်အွန်လိုင်း ။        ။ ဖွင့်ပွဲအခမ်းအနား ဒီနေ့မှာ စစလုပ်တယ်ပေါ့နော်၊ အဲ့လို စစလုပ်တဲ့နေ့မှာ ညနေအထိ အ၀င်/အထွက် ဘယ်ဦးလောက်ရှိပြီလည်း၊ အဲ့လို အ၀င်အထွက်တွေမှာ ဘယ်နိုင်ငံသားတွေ က အ၀င်/အထွက်ရှိလည်းဆိုတာကိုလည်း တစ်ချက်လောက် ရှင်းပြပေးပါခင်ဗျ၊

ဦးကျော်စွာလွင် ။          ။ ဒီနေ့ညနေထိ စုစုပေါင်း ၄ ဦးအ၀င်အထွက်ရှိပါတယ်၊ ထိုင်းနိုင်ငံကနေ ၀င်လာတာကတော့ နယ်သာလန်နိုင်ငံသား တစ်ဦးရယ်၊ အီတလီနိုင်ငံသား တစ်ဦးရယ်ပါ၊ မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံဘက်ကို ထွက်သွားတာကတော့ သြစတေးလျားနိုင်ငံသား နှစ်ဦး စုစုပေါင်း ဒီနေ့ညနေ  ၄ ဦးရှိပါပြီ။

တာချီလိတ်အွန်လိုင်း ။        ။ အခုလိုမျိုး မြန်မာနိုင်ငံကနေပြီးတော့ ထိုင်း-မြန်မာနယ်စပ်မှာပေါ့နော်၊ မြန်မာနိုင်ငံကနေ ဆောင်ရွက်တာနဲ့ပတ်သက်ပြီး တစ်ဘက်ထိုင်းနိုင်ငံကရော ဘယ်လိုစိတ်ဝင်စားမှုရှိလဲ၊ နောက်ပြီး သူတို့အနေနဲ့ကရော ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့အတွက်တွေကို ကမ်းလှမ်းတာရှိလည်းဆိုတာကိုလည်း သိပါရစေဗျ၊

ဦးကျော်စွာလွင် ။          ။ ဟုတ်ကဲ့၊ စိတ်ဝင်စားမှုရှိပါတယ်၊ ဖွင့်ပွဲအခမ်းအနားမှာ ကျွန်တော်တို့ ဘယ်ပထမဦးဆုံး နှစ်နိုင်ငံနယ်ခြားကော်မတီက ဖိတ်စာ ၃၀၊ ကုန်သည်ကြီးတွေကနေပြီးတော့ ဖိတ်စာ ၂၀၊ ဖိတ်ကြားဖို့အတွက် ကျွန်တော်တို့ကို လာကမ်းလှမ်းပါတယ်၊ ကျွန်တော်လည်း ဖိတ်စာပေးပါတယ်၊ ၅၀ လောက် လာမယ် တွက်တာပေါ့၊ တကယ့်တကယ်ကျတော့ ၈၀ ကျော် တက်ပါတယ်၊ နောက်ပြီးတော့လည်း ဒီဖက်နိုင်ငံက ဆောင်ရွက်တဲ့ ကိစ္စတွေကိုလည်း သူတို့အနေနဲ့ မကြာမီရက်အတောအတွင်းမှာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးတို့၊ ထိုင်းနိုင်ငံ အကောက်အခွန်တို့၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့တို့ကနေပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီလိုဖွင့်ပြီးတဲ့နောက်ပိုင်းမှာ ဆောင်ရွက်တဲ့ ကိစ္စတွေကိုလည်း လိုအပ်လို့ရှိရင် သူတို့က အချိန်မရွေးကူညီမယ်ဆိုတဲ့ အကြောင်း၊ သူတို့ဘက်က လိုအပ်ချက်တွေရှိတယ်ဆိုရင်လည်း သူတို့ကို လမ်းညွှန်ပေးဖို့ဆိုတဲ့အကြောင်း၊ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေးကို ဒီ့ထက်ပို အဆင်ပြေချောမွေ့အောင် အ၀င်/အထွက်ကိစ္စနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုတဲ့ စကားတွေလည်း မနက်က ဖွင့်ပွဲမှာ ကမ်းလှမ်းသွားပါတယ်၊

တာချီလိတ်အွန်လိုင်း ။        ။ အခုလို ဖွင့်လှစ်ခြင်းနဲ့ပေါ့နော်၊ ယခင်ကတော့ ရန်ကုန်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးပြီးတော့ ဆောင်ရွက်နေတာပေါ့နော်၊ အဲ့ဒါနဲ့ပတ်သက်ပြီး နိုင်ငံပေါင်း ဘယ်နှစ်နိုင်ငံကို ဆောင်ရွက်ပေးထားပြီဆိုတာကိုလည်း သိပါရစေခင်ဗျ

ဦးကျော်စွာလွင် ။          ။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬