မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်မြို့တစ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၈ရက်၊ နံနက် ၉နာရီခွဲ အချိန်ခန့်က နှစ်နှစ်သားအရွယ်ရှိ ကလေးတစ်ဦး ရုတ်တရက် ပျောက်ဆုံးနေသည့်အတွက် မိဘဆွေမျိုးများက သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နံနက် ၉နာရီခွဲအချိန်ခန့်က ပျောက်ဆုံးနေသော ကလေး၏ မိခင်ဖြစ်သူ မနန်းဆေးသည် အိမ်ရှေ့ရှိ ဈေးဆိုင်တွင် မုန့်ဝယ်ရန်အတွက် နေအိမ်မှ ထွက်သွားပြီး ၁၀မိနစ်ခန့်အကြာ၌
နေအိမ်သို့ ပြန်ရောက်သောအခါမှာ ကလေးမှာ နေအိမ်တွင် မရှိတော့ကြောင်းနှင့် အိမ်အတွင်းပြင် အပါအ၀င် အိမ်နီးပတ်လည်တစ်ဝိုက် ရှာဖွေရာမှာလည်း မတွေ့ရှိရကြောင်း သိရသည်။
"ကလေးက ခါတိုင်းဆို အပြင်တခါမှ မထွက်ဘူး၊ ဒီနေ့ သူ့အမေက ဈေးဆိုင်မှာ မုန့်သွားဝယ်တော့ အနောက်က လိုက်သွားတဲ့ သဘောထင်တယ်၊ ခဏလေးအတွင်းမှာပဲ ကလေးက ပျောက်သွားတယ်၊ အိမ်အနောက်ပေါက်ကလည်း ပိတ်ထားတာဆိုတော့ ထွက်မယ်ဆို အရှေ့တံခါးပေါက်ပဲရှိတာ၊ တစ်ယောက်ယောက်ကများ ချီပြီးခေါ်သွားလားမသိဘူး"ဟု ကလေး၏ ဆွေမျိုးသားချင်းများမှ တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။
ရုတ်တရက်ပျောက်ဆုံးသွားသော နှစ်နှစ်သားအရွယ် မောင်စိုင်းလုံဝမ်းအား တွေ့ရှိပါက အောက်ပါ ဆက်သွယ်ရန်လိပ်စာသို့ ဆက်သွယ်၍ အသိပေးအကြောင်းကြားနိုင်ပါသည်။
အဖ - ကိုစိုင်းစံညွှန့်လှိုင်
အမိ - မနန်းဆေး
အိမ်အမှတ် ၄/၄၀၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့
မြန်မာဖုန်း။ ။ 0949032827
ထိုင်းဖုန်း။ ။ 0869150567, 0860116780
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬