တာချီလိတ်မြို့တွင် စက်တင်ဘာလ အတွက် တန်ဘိုးနည်း ၁၅၀၀ ကျပ်တန် ဖုန်းကဒ်များအား မဲနှိုက်ကာ ၂၆ရက်နေ့မှစ၍ ရောင်းချ

တာချီလိတ်မြို့တွင် စက်တင်ဘာလ အတွက် တန်ဘိုးနည်း ၁၅၀၀ ကျပ်တန် ဖုန်းကဒ်များအား မဲနှိုက်ကာ ၂၆ရက်နေ့မှစ၍ ရောင်းချ
စက်တင်ဘာ 25, 2013
By Tachileik News Agency

တာချီလိတ်မြို့၌ စက်တင်ဘာလအတွက် ၁၅၀၀ ကျပ်တန် တန်ဘိုးနည်း GSM နှင့် CDMA 800Mhz ဖုန်းကဒ်များကို အောင်မြတ်ခန်းမ၌ စက်တင်ဘာလ ၂၅ရက်၊ နေ့လည် ၁နာရီမှ ညနေ ၆နာရီအချိန်ထိ ပေါက်မဲများကို လျှောက်လွှာတင်ထားသူများမှ  နှစ်ယောက်တစ်တွဲဖြင့် မဲ ၁၀၀ စီ နှိုက်စေခဲ့ကြပြီး မဲပေါက်ရှိသော လျှောက်လွှာရှင်များအနေဖြင့် ဖုန်းကဒ်များကို ၂၆.၉.၂၀၁၃၊ နေ့လည် ၁နာရီအချိန်တွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လာရောက် ထုတ်ယူနိုင်မှာဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့၌ စက်တင်ဘာလအတွက် ဖုန်းကဒ်များကို မဲစနစ်ဖြင့် ရောင်းချပေးလျှက်ရှိရာ စက်တင်ဘာလအတွက် လျှောက်ထားကြရာတွင်၊ ၀မ်ကောင်းရပ်ကွက် ၄၀၈ဦး၊ တာလော့ရပ်ကွက် ၁၀၆ဦး၊ ပုန်းထွန်ရပ်ကွက် ၉၄၁ဦး၊ မကာဟိုခမ်းရပ်ကွက် ၂၇၃ဦး၊ ဆန်ဆိုင်းရပ်ကွက် ၄၅၄ဦး၊ မယ်ခေါင်ရပ်ကွက် ၁၅၁ဦး၊ ဟောင်လိတ်ရပ်ကွက် ၅၁၇ဦး၊ ဖန်မင်ရပ်ကွက် ၁၈၈ဦး၊ မိုင်းကိုးရပ်ကွက် ၈၆၁ဦး၊ မိုင်းဖုန်း(က) ၇၉ဦး၊ မိုင်းဖုန်း(ခ) ၁၂၉ဦး၊ လွယ်တော်ခမ်း ၈၈ဦး၊ မိုင်းဟဲ ၁၈ဦး၊ ကျိုင်းလပ် ၈၃၊ သံဃာတော်များ ၁၂၅ပါး၊ ဌာနဆိုင်ရာများ ၁၇၈ဦး၊ လူမှုရေးအဖွဲ့အစည်းများ ၂၄၀ဦး နှင့် နိုင်ငံရေးပါတီများမှ ၃၆ဦး စုစုပေါင်း ၄၈၇၅ဦးရှိပြီး ယခင်လက မပေါက်ပဲ ကျန်ရှိသည့်  လျှောက်လွှာ ၃၂၆၀ ဦး အပါအ၀င် စုစုပေါင်း ၈၁၃၅ဦး ရှိရာ တာချီလိတ်မြို့နယ်၏ ခွဲတမ်းအရ GSM ၆၀၀ ကဒ် နှင့် CDMA ၃၀၀ စုစုပေါင်း ဖုန်းကဒ် ၉၀၀ အား မဲနှိုက်ပေးတာ ဖြစ်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬