"မီတာ ထိန်းသိမ်း စောင့်ရှောက်ခ"အစား "မီတာဝန်ဆောင်ခ"ဟု ပြင်ဆင်သတ်မှတ်ကာ မီတာဝန်ဆောင်ခ ၅၀၀ ကျပ်လျှော့ကောက်

"မီတာ ထိန်းသိမ်း စောင့်ရှောက်ခ"အစား "မီတာဝန်ဆောင်ခ"ဟု ပြင်ဆင်သတ်မှတ်ကာ မီတာဝန်ဆောင်ခ ၅၀၀ ကျပ်လျှော့ကောက်
အောက်တိုဘာ 3, 2013
By Tachileik News Agency

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မှ အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ "မီတာထိန်းသိမ်းစောင့်ရှောက်ခ"အမည်အစား "မီတာဝန်ဆောင်ခ"ဟု ပြင်ဆင်သတ်မှတ်ရန်နှင့် စက်တင်ဘာလအတွင်း သုံးစွဲခဲ့သည့် ကောက်ခံမှုမှ စတင်ကာ မီတာထိန်းသိမ်းခအား ၅၀၀ ကျပ် လျှော့ချ သတ်မှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ပြောင်းလဲပြင်ဆင် သတ်မှတ်မှုများကို ၂၀၁၃ခုနှစ် အောက်တိုဘာလ အစမှ စတင်၍ အတည်ပြုသွားမှာဖြစ်ပြီး တာချီလိတ်မြို့နယ်မီးလင်းရေးရုံးတွင်လည်း မီတာသတ်မှတ်ကြေးများကို ဗီနိုင်းများဖြင့် ကြော်ငြာထားသည်ကို တွေ့ရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/TachileikNews
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬