တာချီလိတ်၌ လျှပ်စစ်ဓါတ်အား ကောင်းမွန် အဆင်ပြေရေးအတွက် မီးလင်းရေးကော်မတီမှ တွေ့ဆုံဆွေးနွေး

တာချီလိတ်၌ လျှပ်စစ်ဓါတ်အား ကောင်းမွန် အဆင်ပြေရေးအတွက် မီးလင်းရေးကော်မတီမှ တွေ့ဆုံဆွေးနွေး
မေ 16, 2014
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း အချို့နေရာများ၌ လျှပ်စစ်ဓါတ်အား ကျနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးကာ လဲလှယ်တပ်ဆင်သင့်သည့် စက်ပစ္စည်းများကို လဲလှယ်တပ်ဆင်နိုင်ရန်နှင့် လျှစ်စစ်ဓါတ်အား သွယ်တန်းမှုကိစ္စရပ်များနှင့် ပတ်သက်၍ ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၆)ရက် နံနက်ပိုင်းက တာချီလိတ်မြို့နယ်မီးလင်းရေးရုံးရှိ အစည်းအဝေးခန်းမမှာ မြို့နယ်မီးလင်းရေးကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးမှုတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးမှုတွင် တာချီလိတ်မြို့ မီးလင်းရေးကော်မတီ ဒု-ဥက္ကဌ ဦးကြည်မြင့်၊မြို့နယ်မီးလင်းရေးကော်မတီ အတွင်းရေးမှူး ဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ကော်မတီဝင်များမှ လျှပ်စစ်ဓါတ်အား နည်းနေသော နေရာများရှိ ထရန်စဖော်မာများအား ကွင်းဆင်းစစ်ဆေး၍ ပြင်ဆင်မှုများ ပြုလုပ်ရန်နှင့် တာချီလိတ်မြို့နယ်အတွင်း ညပိုင်း လမ်းမီးတိုင်များရှိ မီးသီးလုံးများအား LED မီးသီးလုံးများအဖြစ် ပြောင်းလဲတပ်ဆင်သွားပြီး လမ်းမီးများအားလုံး လင်းနေစေရန် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တဆက်တည်းမှာပင် တိုင်းရင်းသားကျေးရွာများဖြစ်သည့် မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ကုန်ရွာ၊ ရန်နိုင်ရွာ၊ ရန်ရှင်းရွာ နှင့် ဘာဘီးကျေးရွာများကို လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးနိုင်ရန်အတွက် ဓါတ်မီးတိုင်များ သွယ်တန်းပေးထားရာ ၂၀၁၄ခုနှစ် မေလ(၁၉)ရက် နံနက်(၁၀)နာရီအချိန်တွင် လျှပ်စစ်ဓါတ်အား စမ်းသပ်သုံးစွဲနိုင်ရန်အတွက် အစမ်းသဘောဖြင့် လွှတ်ပေးနိုင်ရန်ကိုလည်း အဆိုပါ ညှိနှိုင်းဆွေးနွေးမှု၌ အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

တာချီလိတ်မြို့ပေါ်တွင် လျှပ်စစ်မီးအားနှင့် ပတ်သက်၍ ဆက်သွယ်စုံစမ်းနိုင်ရန်အတွက် မြို့နယ်မီးလင်းရေး ကော်မတီဝင်အချို့၏ ဖုန်းနံပါတ်များကို ဖော်ပြပေးလိုက်ပါသည်။

ဦးကြည်မြင့် ( ဒု-ဥက္ကဌ )
မြို့နယ်မီးလင်းရေးကော်မတီ
ထိုင်းဖုန်း။   ။ 081-8833667
မြန်မာဖုန်း။   ။ 09-5240890

ဦးထိန်မင်း
ထိုင်းဖုန်း ။   ။ 082-7650919
မြန်မာဖုန်း ။   ။ 09-250131150

ဆန်ဆိုင်း(က)ရပ်ကွက်မှ စက်မှုဇုံအတွင်း လျှပ်စစ်မီးနှင့် ပတ်သက်၍ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

ဦးကြည်လွင် ( အင်ဂျင်နီယာ )
ထိုင်းဖုန်း။    ။ 08-50639427
ဦးအိုက်ခွက်
ထိုင်းဖုန်း။    ။ 08-99531641
ဦးအိုက်ခမ်း
ထိုင်းဖုန်း။    ။ 08-11673924

သတင်း။     ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~