တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ "စွမ်း"မိုတယ်လမ်းကြား၊ တော်ဝင်လမ်း နှင့် ကောင်းမြတ်သာ လမ်းကြားတွင် မိုးရာသီတွင် အန္တရာယ်ဖြစ်စေနိုင်သည့် လျှပ်စစ်ဓါတ်မီးတိုင် သွယ်တန်းထားသော ကိစ္စနှင့် ပတ်သက်၍ အဆိုပါ အနီးအနားရှိ ရပ်ကွက်သူ/သားများမှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေလျှက်ရှိကြောင်း တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။
အဆိုပါ ဓါတ်မီးတိုင်သည် ရေနှုတ်မြောင်းအတွင်း၌ မြေကိုတူး၍ စိုက်ထူထားတာဖြစ်ပြီး ပုံမှာတွေ့မြင်ရသည့်အတိုင်း တိမ်းစောင်းနေလျှက်ရှိတာကို တွေရပြီး မိုးရာသီကာလတွင် ရေနှုတ်မြောင်းအတွင်း ကျွံဝင်ပြီး လှဲကျနိုင်သည့် အတွက် ရပ်ကွက်အတွင်း သွားလာနေထိုင်သူများအတွက် အန္တရာယ်ရှိသည်ဖြစ်ရာ အဆိုပါ ကိစ္စအတွက် သက်ဆိုင်ရာမှ လာရောက်ပြုပြင်ပေးရန်အတွက် ရပ်ကွက်သူ/သားများမှ တာချီလိတ်အွန်လိုင်းသို့ ပေးပို့လာသည့်အတွက် ဖော်ပြပေးလိုက်ပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]