မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ အများပြည်သူများအနေဖြင့် တန်ဖိုးငွေ ကျပ်(၁၅၀၀)ဖြင့်သာ ၀ယ်ယူရရှိနိုင်ရန်အတွက် တန်ဖိုးနည်းဖုန်းကဒ်များကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့တွင် ရောင်းချပေးနေလျက်ရှိရာ ယနေ့ ဇူလိုင်လ(၂၉)ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဖုန်းကဒ်ပေါက်မဲနှိုက်မှု အခမ်းအနားအား ကျင်းပရာ ယခု ဖော်ပြပါ စာရင်းများသည် ၂၀၁၄ ခုနှစ် ဇူလိုင်လ အတွက် ပေါက်မဲစာရင်းများဖြစ်ပါသည်။
ဖုန်းကဒ်များကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ၂၀၁၄ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့မှ ၂၀၁၄ခုနှစ် သြဂုတ်လ(၈)ရက်နေ့အထိ ရုံးဖွင့်ချိန်များတွင် ထုတ်ယူနိုင်မှာဖြစ်ကြောင်း နှင့် အငြိမ်းစားများအတွက် ဖုန်းကဒ်များကို ယခု သတ်မှတ်ထားသည့် ရက်များအတွင်း စာရင်းပေးသွင်း၍ လာရောက် လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရသည်။