"ပြည်နယ်ဝန်ကြီးချုပ်က မိမိပြည်နယ်ထဲမှာ ဗဟိုကော်မတီရဲ့ တိုက်ရိုက်ကွပ်ကဲ လမ်းညွှန်ချက်နဲ့ လုပ်တဲ့ဆိုတဲ့ ဒီ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးက အထိုက်အလျောက် လျော့လျော့ပေါ့ပေါ့ လုပ်တာမဟုတ်ပဲနဲ့ ဒီဒေသက လူတွေကို ကောင်းရောင်း၊ ကောင်းဝယ် လုပ်စားလို့မရအောင်လုပ်နေတာကို လက်ပိုက်ကြည့်နေသလားဗျာ..၊ ကျွန်တော်တို့တွေ
တာချီလိတ် နယ်စပ်ကုန်သွယ်ရေး၏ ကြေငြာချက် အကြောင်းအရာပေါ် မူတည်၍ တာချီလိတ်အွန်လိုင်းမှ ကာတွန်းရေးသားပြီး ဖော်ပြလိုက်ရာ ဖော်ပြပါ ကာတွန်း၏ ကော်မန့်နေရာတွင် အမှန်တကယ် အခက်အခဲဖြစ်ပေါ်ပြီး ခံစားရနေရသော ပြည်သူများမှ ရေးသားလာကြရာ ကော်မန့်များထဲမှ ၎င်းတို့၏ ရင်ဖွင့်ချက်များကို ပြန်လည်၍ ကော်နုတ်ဖော်ပြလိုက်ပါသည်။
Aung Naing Thu ။ ။ "ပြည်နယ်ဝန်ကြီးချုပ် ရှမ်းတိုင်းရင်းသားကြီးရော မိမိပြည်နယ်ထဲမှာ ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်ဘဲဆိုတဲ့ စကားကို လှိုင်လှိုင်သုံးပြီး ဥပဒေကိုနားမလည်းသေးတဲ့ တိုင်းရင်းသားတွေကို ထင်ရာဆိုင်းနေတဲ့ နယ်စပ်ကုန်သွယ်ရေး mobile team အဖွဲ့ကို ဘာမှပြောခွင့်မရှိတော့ဘူးလားဗျာ.."
ဆက်လက်၍ ၎င်းမှပင် "တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်က လက်လုပ်လက်စားလေးတွေကို ထိုက်သင့်တဲ့ ဖြေလျော့မှုလေးတွေ မပေးနိုင်တော့ရင် ဒီဒေသလို မကောင်းမှုလုပ်ငန်းများ အလွန်ပေါတဲ့ဒေသ၊ လောင်းကစား တရားမဝင်ဆေးဝါး အလွန်ပေါတဲ့ဒေသ မကောင်းမှု ဒုစရိုက် အလွန်ပေါတဲ့ နေရာမျိုးမှာ ကောင်းရောင်းကောင်းဝယ် လုပ်စားလို့မရခဲ့ရင် လမ်းမှားသွားဖို့ အလွန်မြန်ပါတယ် ဝိုင်းထိန်းပေးကြပါဗျာ ကြာရင် ဒေသတည်ငြိမ်အေးချမ်းမှုတွေပါ ပျက်လာနိုင်ပါတယ် တိုင်ပြည်အတွက်ပါမကောင်းပါဘူး"ဟု အကြံပြု ကော်မန့် ဆက်လက် ရေးထားတာကိုတွေ့ရှိရသည်။
ထိုသို့အတူ Ko Lay Lay အမည်ရှိ ဖေ့ဘုတ်အကောင့်ပိုင်ရှင်မှလည်း "အခြားမြို့မှာနေတဲ့ ပြည်သူတွေက ပိုစိုးပါတယ်ဗျာ ကျိုင်းတုံမြို့က လူတွေလိုပေါ့ တာချီလိတ် မှာ ၁၀ ဘတ်တန် ကို ၁၅ ဘတ်လောက်နဲ့ ဝယ်သုံးနေရတယ်၊ တနည်းပြောရရင်တော့ ပြည်သူတွေက ဝင်ငွေ မတိုးလာဘူး ကုန်ဈေးနူန်းသာ တက်တက်လာတယ်၊ ဘယ်လိုလုပ်ရပါ့မလည်း ဆရာကြီးတို့ရယ် ကျေးဇူးပြုပြီး ဖြေပေးကြပါ၊ အခွန်ထမ်းဆောင်ရမယ်ဆိုတာလည်း သိပါတယ်၊ ဒါပေမဲ့ ဆင်းရဲမွဲတေနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသား တိုင်းရင်းသားစစ်စစ် ဖြစ်တဲ့ ပြည်သူတွေကို ပြန်ကြည့်သင့်ပါတယ် ( ခင်ဗျားတို့ ဖယောင်းတိုင်ထွန်းပြီးနေကြ ငါ့အိမ်မှာတော့ ၂၄ နာရီမီးလာတယ် ) အဲလိုတော့မလုပ်လိုက်ပါနဲ့ဗျာ..."ဟု တာချီလိတ်အွန်လိုင်း ဖေ့ဘုတ်တွင် ရင်ဖွင့်ရေးသားသွားသည်။