(၁၅၀၀)ကျပ်တန် ဖုန်းကတ်များကို (၁၂၀၀)ကျပ်ဖြင့် တာချီလိတ်၌ တစ်ဦး တစ်ကတ်နှုန်း ၀ယ်ယူနိုင်ပြီ

(၁၅၀၀)ကျပ်တန် ဖုန်းကတ်များကို (၁၂၀၀)ကျပ်ဖြင့် တာချီလိတ်၌ တစ်ဦး တစ်ကတ်နှုန်း ၀ယ်ယူနိုင်ပြီ
စက်တင်ဘာ 5, 2014
By Tachileik News Agency

တာချီလိတ်မြို့ရှိ ဒေသခံများမှ မျှော်လင့်နေကြသည့် (၁၅၀၀)ကျပ်တန် တန်ဖိုးနည်း ဖုန်းကတ်များကို (၁၂၀၀)ကျပ်တည်းဖြင့် တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းရှေ့ရှိ Macaron Cafe' ဆိုင်တွင် တစ်ဦးတစ်ကတ်နှုန်းဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

ဖုန်းကတ်များ ၀ယ်ယူရာတွင် လိုအပ်ချက်များအနေဖြင့် ၀ယ်ယူသူ၏ မှတ်ပုံတင်မိတ္တူတစ်စောင်နှင့် ကျပ်ငွေ(၁၂၀၀)သာ လိုအပ်မှာဖြစ်ပြီး တစ်ဦးလျှင် တစ်ကတ်နှုန်းသာ ရောင်းချပေးမှာဖြစ်ကြောင်းနှင့် ဖုန်းကတ်ရောင်းချပေးနေမှုကို စက်တင်ဘာလ(၃)ရက်နေ့ကတည်းက ရောင်းချပေးနေတာဖြစ်ကြောင်း သိရသည်။

အဆိုပါ  Macaron Cafe' ဆိုင်တွင် တန်ဖိုးနည်း ဖုန်းကတ်များကို တစ်ဦးတစ်ကတ်နှုန်းဖြင့် ရောင်းချပေးနေပြီး ငွေဖြည့်ကတ်များကိုလည်း ဖြန့်ဖြန်းရောင်းချပေးနေကြောင်း သိရသည်။

ဖုန်းကတ်ရောင်းချပေးနေသည့် လိပ်စာမှာ
 Macaron Cafe'
ရှမ်းရိုးမကွင်းရှေ့၊ ယူနီဗာဆယ်တိုက်တန်း၊
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~