ကမ္ဘာ့အရပ်အရှည်ဆုံးလူသား နှင့် ကမ္ဘာ့အရပ် အပုဆုံးလူသားတို့ တွေ့ဆုံ

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား နှင့် ကမ္ဘာ့အရပ် အပုဆုံးလူသားတို့ တွေ့ဆုံ
နိုဝင်ဘာ 14, 2014
By Tachileik News Agency

အရပ်(၈)ပေ (၉)လက်မရှည်သော ကမ္ဘာအရပ်အရှည်ဆုံးလူသား Sultan Kösen နှင့် အရပ် (၂၁)လက်မခွဲသာရှိသော  Chandra Bahadur Dangi တို့(၂)ဦး လန်ဒန်မြို့တွင် တွေ့ဆုံခဲ့ကြသည်။

၎င်းတို့နှစ်ဦးဟာ ဂရင်းနစ်စံချိန် မှတ်တမ်းစာအုပ်၏ အနှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် လာခဲ့ခြင်းဖြစ်ပြီး အရပ်အရှည်ဆုံးလူသား Sultan Kösen ကတော့ "ကျွန်တော်နဲ့ ဆန့်ကျင်ဘက် ကမ္ဘာ့အရပ် အပုဆုံး လူသားဆိုတာ ဘယ်လိုလဲဆိုတဲ့ သိချင်စိတ်နဲ့ လာတွေ့တာပါ"ဟု ပြောဆိုခဲ့သည်။

ကမ္ဘာ့အရပ်အပုဆုံး လူသား Chandra Bahadur Dangi ကို အီတလီနိုင်ငံ၊ နပါယ်မြို့မှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး ယခု ၂၀၁၄ခုနှစ်တွင် အသက်(၇၅)နှစ်ရှိပြီး ကမ္ဘာ့အရပ်အရှည်ဆုံးလူသား Sultan Kösen ကိုတော့ ၁၉၈၂ ခုနှစ် ဒီဇင်ဘာ (၁၀)ရက်မှာ တူရကီနိုင်ငံ၊  မာဒင်မြို့မှာမွေးဖွားခဲ့တာဖြစ်ကြောင်း သိရှိရသည်။

ဘာသာပြန် ။  ။ မင်းသုတ
Ref; USAToday

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~