တာချီလိတ်မြို့မဈေးဟောင်းအား အဆင့်မြှင့်တင်သည့်အနေဖြင့် အသစ်ပြန်လည်ဆောက်လုပ်မှုမှာ ပြီးလုနီးပါးဖြစ်နေသည်နှင့်အညီ အဆိုပါ ဈေးတွင် ဖြစ်ပေါ်နေသော ပျံကျဈေးသည်များအတွက် နေရာ ပြန်လည်ချထားပေးရေး ကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာလ(၅)ရက်နေ့ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရုံးတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲအား ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အမှူဆောင်အရာရှိ ဦးကျော်ဇင် နှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်း စသည့် ကော်မတီဝင်များ အပါအ၀င် မင်းခေတ်သစ်ကုမ္ပဏီမှ MD ဦးမောင်မောင် နှင့် သတင်းမီဒီယာများဖြစ်သည့် မြန်မာ့အလင်း၊ မြ၀တီ၊ မှုခင်းရှုထောင့်