စစ်ဗျူဟာအဖွဲ့မှ နယ်လှည့်ကွင်းဆင်း အခမဲ့ ဆေးဝါးကုသပေးမှုအပေါ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ကြည့်ရှု့အားပေး

စစ်ဗျူဟာအဖွဲ့မှ နယ်လှည့်ကွင်းဆင်း အခမဲ့ ဆေးဝါးကုသပေးမှုအပေါ် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ကြည့်ရှု့အားပေး
ဒီဇင်ဘာ 20, 2014
By Tachileik News Agency

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးသည် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁၉)ရက် နှင့် (၂၀)ရက်နေ့တို့တွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှုး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ဦးစီးအရာရှိများနှင့် တာဝန်ရှိသူများလိုက်ပါသည့် တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့ဖြင့် တာချီလိတ်မြို့နယ် အတွင်းရှိ မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ရွာနှင့် မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါခါကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများသို့သွားရောက်၍ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲများ၏ ဆေးကုသမူများကို သွားရောက်ကြည့်ရှုကာ ဆေးဝါးကုသနေသော ဒေသခံပြည်သူများအား နူတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ဒေသခံပြည်သူများ အတွက် မြ၀တီ သတင်းစာ သုတ/ရသ စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များအား ထောက်ပံ့ပေးခဲ့ရာ ဒေသခံပြည်သူများမှ လက်ခံရယူကြကြောင်းသိရသည်။

တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဒေသခံတိုင်းရင်းသား ပြည်သူ(၃၂၀)ဦးအား ဆေးဝါးအခမဲ့၊ဆေးဝါးကုသပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့ပေခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ ခရိုင်လ၀ကမှူး ဦးစီးသည့် အင်အား(၁၄)ဦးမှ မိုးပွင့်အဆင့် (၇)စီမံချက်ဖြင့် မှတ်ပုံတင် မရှိသူများအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုဇယားများ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုလို မြို့နှင့် အလှမ်းဝေးကွာသည့် နေရာဒေသသို့ လာရောက်ပြီး ကျန်းမာရေး စောင့်ရှောက်ပေးခြင်း ဗဟုသုတစာအုပ်၊ စာစောင်များ ထောက်ပံ့ပေးခြင်း၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားများ ပြုလုပ်ပေးခြင်းတို့ အတွက် ၀မ်းသာကြပြီး ကျေးဇူးတင်ကြောင်း  ဒေသခံတိုင်းရင်းသားများကိုယ်စား ကျေးရွာနေ ရွာသားတစ်ဦးကလည်း ပီတိစကားဆိုသည်။

စစ်ဗျူဟာမှူး ဦးဆောင်သည့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့သည် တာချီလိတ်မြို့နယ်မှ လွယ်တော်ခမ်းကျေးရွာအုပ်စုသို့ ဒီဇင်ဘာလအတွင်း ယခုလို ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်၍ ဆေးဝါး အခမဲ့ကုသပေးမှုများနှင့် ဆေးဝါးအခမဲ့ ထောက်ပံ့ပေးအပ်မှုများကို ဆက်လက် ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~