ဒီဇင်ဘာလ (၂၀)ရက် နံနက် (၇)နာရီ (၁၀)မိနစ်အချိန်ခန့်က တာချီလိတ်မြို့ တာလော့ရပ်ကွက် သဇင်လမ်းထဲမှာ ရှိတဲ့ နေအိမ်တစ်အိမ်မှာ ဘုရားမီးပူဇော်ရာမှ တဆင့်မီးလောင် မှုဖြစ်ပွားခဲ့ပြီး အဲ့လို မီးလောင်မှု ဖြစ်ပွားရာမှာ မီးလောင်တဲ့ အိမ်အမျိုးအစားကတော့ နံကပ်အမျိုးအစား (၄၀ပေ×၂၀ပေ) ဖြစ်ပြီးတော့ နေအိမ်အတွင်း ပစ္စည်းတော်တော်များများ မီးလောင်ကျွမ်းတဲ့အထဲ ပါသွားခဲ့တဲ့အပြင် တာချီလိတ်မြို့နယ်မှာ ၂၀၁၄ခုနှစ်အတွင်း ယခုအကြိမ် အပါအ၀င်ဆိုရင် မီးလောင်မှုနဲ့ မီးလန့်မှု စုစုပေါင်းဟာ တစ်နှစ်တာအတွင်း (၆)ကြိမ်တိတိဖြစ်ပွားခဲ့ပြီးလို့ မြို့နယ်မီးသတ်တပ်ဖွဲ့ထံက သိရပါ ဗီဒီယိုကိုတော့ ကိုမောင်ဝင်းက ပေးပို့ထားပြီး တာချီလိတ်အွန်လိုင်းမှ တင်ဆက်ပေးလိုက်ပါသည်။