မူလဆိုင်ခန်းနေရာ ပြန်လည်ရရှိရေးအတွင် အကြိမ်ကြိမ်တောင်းဆိုလာသည့် တာချီလိတ်မြို့မ (၀မ်ကောင်း)ဈေးမှ (၈၆)ခုံတန်း ပျံကျဈေးသည်များသည် ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းကို ၂၃.၁၂.၂၀၁၄ ရက်စွဲဖြင့် တရားဝင် ခွင့်ပြုမိန် ရရှိထားပြီဖြစ်သည့်အတွက် ဒီဇင်ဘာလ(၂၄)ရက် နံနက်(၈)နာရီအချိန်မှ စ၍ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ကြောင်း သိရသည်။