ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ကျိုင်းတုံဒေသ၏ တိုင်းရင်းသားရိုးရာ လက်မှု အနုပညာပြပွဲကို ၂၆-၁၂-၂၀၁၄ မှ ၃၀-၁၂-၂၀၁၄ ရက်နေ့ အထိ နံနက် (၉)နာရီခွဲမှ ညနေ (၅) နာရီအထိ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက် (ရပ်တော်မူဘုရားအနီး)တွင် ပြသသွားမှာ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြသထားရာမှာ ရိုးရာ ခမောက်၊ အာခါအ၀တ်အထည်၊ ပန်းပဲ၊ နှီးဘူး၊ လားဟူ အ၀တ်အထည်၊ အိုး၊ ယွန်းထည်၊ ပန်းထိမ် နှင့် ပေစာများကို ပြသထားမှာ ဖြစ်ပြီး မည်သူမဆို အခမဲ့ ၀င်ရောက်ကြည့်ရှု လေ့လာနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။