၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ရာပြည့်ပွဲတော်ကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒီဇင်ဘာလ နောက်ဆုံးအပတ်က တာချီလိတ်မြို့နယ်ရှိ သတ္တုလုပ်ငန်းရှင်များ အသင်းရုံးတွင် နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများမှ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော် ကျင်းပရေး ကော်မတီကို (၂၁)ဦးဖြင့် ဖွဲ့စည်းပြီး ပွဲတော်အတွက် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပွဲတော်အစီအစဉ်များ အနေဖြင့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့ ညနေပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအား ရည်စူး၍ ရှမ်းရိုးမကွင်းအတွင်း သံဃာတော်အရှင်သူမြတ် အပါးတစ်ရာကို ပင့်ဖိတ်ကာ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူကြမှာဖြစ်ပြီး ဗိုလ်ချုပ်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်အတွင်း နိဗ္ဗာန်ဈေး၊ အားကစား၊ အမှတ်တရပစ္စည်းများ၊ ရိုးရာကစားပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲ၊ သီဆိုပြိုင်ပွဲ စသည်များကို ထည့်သွင်း ကျင်းပနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဆက်လက်၍ ပွဲတော်ကျင်းပရေး ကော်မတီအနေဖြင့် ထပ်မံ၍ ပွဲတော်ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုကို ဇန်န၀ါရီလ(၁၁)ရက်နေ့တွင် ၀မ်ကောင်းရပ်ကွက်ရှိ သာရေး/နာရေးဓမ္မာရုံ၌ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါပွဲတော် ဖြစ်မြောက်ရန်အတွက် လူအင်အား၊ ငွေအင်အားနှင့် ပတ်သက်၍ ကော်မတီသို့ ပါဝင်ကူညီပံ့ပိုး လှူဒါန်းလိုသူများ အနေဖြင့် အောက်ဖော်ပြပါ ဆက်သွယ်ရန် လိပ်စာ နှင့် ဖုန်းနံပါတ်များမှ တဆင့်လည်း လှူဒါန်းနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
ဦးအောင်ဖြိုးရှိန်
သူရိယသင်္ကန်းတိုက်
အကောက်ခွန်ရုံးဘေး(မျက်စောင်းထိုး)၊
ဗိုလ်ချုပ်လမ်း၊ ၀မ်ကောင်းရပ်၊ တာချီလိတ်မြို့။
ထိုင်းဖုန်း။ ။ 089-7558729
မြန်မာဖုန်း ။ ။ 09-43136431
ဦးထိန်မင်း
"မေတ္တာ" ဖိတ်စာ/မိတ္တူဆိုင်
အကောက်ခွန်ရုံးရှေ့၊ တာချီလိတ်မြို့
မြန်မာဖုန်း။ ။ 09250131150၊
ထိုင်းဖုန်း ။ ။ 0827650919
ဒေါ်စိုးဥမ္မာ
အောင်မျိုးဝင်း - ကွမ်းပစ္စည်းဆိုင်
ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တည့်တည့်၊
ဝမ်ကောင်းရပ်ကွက်၊
ထိုင်းဖုန်း ။ ။ 0827581300
မြန်မာဖုန်း ။ ။ 095242865