ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဆေးရုံတွင်  မိဘနာမည်နှင့်

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဆေးရုံတွင်  မိဘနာမည်နှင့်
ဒီဇင်ဘာ 27, 2014
By Tachileik News Agency

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဆေးရုံတွင်  မိဘနာမည်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ မှားယွင်း ပေးထားခဲ့ခြင်းကြောင့် (၄၅)ရက်သာရှိသေးသည့် သားကလေးငယ်မှာ မိဘများ ပျောက်ဆုံးနေရာမှ တာချီလိတ် မြို့နယ် အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မဇ္ဈိမလူမှုကူညီရေးအသင်းနှင့် ဒေသခံ တိုင်းရင်းသားများ၏ ကူညီမှုဖြင့် ဒီဇင်ဘာလ(၂၄)ရက်နေ့က ကလေးငယ်၏ မိဘများကို ရှာဖွေတွေ့ရှိရပြီး ကလေးအား မိဘထံ အပ်နှံပေးခဲ့ကြကြောင်း သိရှိသည်။

မယ်ဆိုင်ဆေးရုံတွင် မြန်မာနိုင်ငံသားများအား ကူညီပေးနေသော မစုစုမင်းစံက "ပိုက်ဆံမရှိလည်းရတယ်.. ကလေးကို အဖေအမေဆီ ပြန်ရောက်ရင်ရပြီ၊ ချင်းရိုင်မှာ သွားခေါ်ရင်တော့ မိဘတွေကို ဆေးရုံကတော့ ရှိသလောက် နည်းနည်းရှင်းခိုင်းပြီး ကျန်တဲ့ဟာကို အကြွေးသဘောနဲ့ လက်မှတ်ထိုးခိုင်းပါတယ်၊ တစ်လကို ရှိသလောက်သွင်းဆိုပြီး အကြွေးစာရွက်ပေး လာပါတယ်၊ တတ်နိုင်လို့ ပြန်သွင်းပေးတဲ့လူ ရှိသလို မတတ်နိုင်လို့ မဆပ်တဲ့လူတွေ အများကြီးပါပဲ၊ မယ်ဆိုင်မှာလည်း အဲလိုမျိုးတွေ အများကြီးရှိပါတယ်၊ မရှိရင်တော့ အကြွေးသဘောနဲ့ လက်မှတ်ထိုးခိုင်းပြီး အကြွေးစာရွက်ပေးပါတယ်၊ အကြွေးမဆပ်လည်း နောက်တခေါက် နေမကောင်းဖြစ်ခဲ့လို့ဆေးရုံရောက်လာရင်လည်း ဆေးကုသပေးပါတယ်..."ဟု ရှင်းပြသည်။

 Tachileik Online News ( www.tachileik.net  )