တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ် Harbin မြို့တော်မှာ ကမ္ဘာ့အကြီးဆုံး ငါးဘီးလူး ပုံသဏ္ဍာန် စတီးအဆောက်အဦကြီး တစ်ခုကို ပြုလုပ်နေပါတယ်။
၂၀၁၅ ဇန်န၀ါရီ(၅)ရက်နေ့မှာ ဖွင့်လှစ်ကျင်းပမယ့် ကမ္ဘာ့ရေခဲပြင်နဲ့ ဆီးနှင်းပြပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒီအဆောက်အဦဟာ အရှည် မီတာ(၄၀)ရှိပြီး၊ (၁၀)မီတာကျယ်ကာ အမြင့်(၁၃) မီတာရှိပါတယ်။
ရေခဲပြင် ချောစီး စကိတ်ကွင်းပြင်နဲ့ ရေခဲပြင် စကိတ်အကပြပွဲတွေ တင်ဆက်ကပြဖို့ စီစဉ်နေခြင်း ဖြစ်သလို ဒီအဆောက်အဦကြီးပြီးရင်တော့ ကမ္ဘာ့ဂရင်းနစ် စရင်းဝင်ရန် မျှော်လင့်ကြောင်း သိရှိရပါတယ်။
ဘာသာပြန်။ ။ စောတာရာ
Ref; CCTVNews