ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့က တာချီလိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည့် တာချီလိတ်အခြေစိုက် Eastern Eagle MC မှ အဆိုပါပွဲတွင် ရရှိသည့် အလှူငွေများနှင့် ၎င်းတို့မှ လှူဒါန်းသည့် အလှူငွေများအား တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ တဆင့်လှူဒါန်းခဲ့ပြီးနောက် ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၂)ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်အထောက်အကူပြု ကော်မတီဝင်များနှင့် Eastern Eagle MC မှ အဖွဲ့သားတို့ ပူးပေါင်း၍ အဆိုပါ လှူဒါန်းမှုအား အကောင်အထည်ဖော်သည့် အနေဖြင့် မြို့ပေါ် ဘ/ကကျောင်းများနှင့် ဆင်းရဲနွမ်းပါး ကျောင်းသား၊ ကျောင်းသူများအား သွားရောက် ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြသည်။
သွားရောက်လှူဒါန်းရာတွင် တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ အတွင်းရေးမှူး ဦးကျော်ငြိမ်း၊ အဖွဲ့ဝင် သုဓမ္မမဏိ ဇောတိကဓဇ ဦးမောင်လေး နှင့်အတူ Eastern Eagle MC ဥက္ကဌ ဦးစိုင်းဟုမ်ဖ နှင့် အဖွဲ့သားများမှ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် သွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ သွားရောက် လှူဒါန်းရာတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာ (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက် (ရွှေတောင်တန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ)ရှိ မရှိနွမ်းပါးနှင့်မိဘမဲ့ ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူ (၁၇၈)ဦးအတွက် ဆန်(၁၃)အိတ်၊ ကုလားပဲ(၁)အိတ်၊ ဆီပုလင်း(၃)ဖာ၊ အ၀တ်အထည် (၁၇၈)ထည် နှင့် ရေအဆွဲ(၅၀)တို့ကို စနစ်တကျ ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ထိုမှတဆင့် ပရဟိတအောင်မင်္ဂလာတောရကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၉၅)ဦးအတွက် ဆန်(၁၃)အိတ်၊ ကုလားပဲ(၁)အိတ်၊ ဆီပုလင်း(၃)ဖာ နှင့် အ၀တ်အထည် (၉၅)နှင့်အတူ ရေအဆွဲ(၅၀)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီးနောက် တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်ရှိ နောင်ခမ်းအောင်ဆုပန်ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ကလေးသူငယ် ( ၁၅၅ )ဦးအတွက် ဆန်(၁၃)အိတ်၊ ကုလားပဲ(၁)အိတ်၊ ဆီပုလင်း(၃)ဖာ၊ အ၀တ်အထည်(၁၅၅)ထည် နှင့်အတူ ရေအဆွဲ(၅၀)တို့ကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ညနေ(၄)နာရီအချိန်တွင် တာချီလိတ်မြို့နယ် မကာဟိုခမ်းရပ်ကွက်အတွင်း စိန်ဂျုဒ် ဘုရားရှိခိုးကျောင်းရှိ မရှိနွမ်းပါး ကျောင်းသား၊ ကျောင်းသူ (၇၀)ဦးအတွက် ဆန်(၁၃)အိတ်၊ ကုလားပဲ(၁)အိတ်၊ ဆီပုလင်း(၃)ဖာ၊ အ၀တ်အထည်(၇၀)နှင့်အတူ ရေအဆွဲ(၅၀)တို့ကို ထောက်ပံ့လှူဒါန်းခဲ့ကြသည်။
ယနေ့ သွားရောက်လှူဒါန်းခဲ့ကြသည့် (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက် (ရွှေတောင်တန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ)၊ ပရဟိတအောင်မင်္ဂလာတောရကျောင်း၊ နောင်ခမ်း အောင်ဆုပန်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှင့် စိန်ဂျုဒ်ဘုရားရှိခိုးကျောင်းတို့မှ စုစုပေါင်း မရှိနွမ်းပါး ကလေးသူငယ် (၄၉၈)ဦး အတွက် စုစုပေါင်းလှူဒါန်းခဲ့ကြသည်မှာ ဆန်(၅၂)အိတ်၊ ကုလားပဲ(၄)အိတ်၊ ဆီပုလင်း(၁၂)ဖာ၊ အ၀တ်အထည် (၄၉၈)ထည် နှင့် ရေအဆွဲ(၂၀၀)တို့ကို ထောက်ပံ့ လှူဒါန်းခဲ့ကြရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်း(၄၀)ရှိကြောင်း သိရသည်။
တာချီလိတ်တွင် ကျင်းပပြုလုပ်ခဲ့သည့် International Bike Week ပွဲတော်တွင် မိဘမဲ့ခလေးများအား ထောက်ပံ့နိုင်ရေးအတွက် Eastern Eagle MC မှ ထိုင်းဘတ်ငွေ တစ်သိန်း၊ ပွဲတော်လာ ဧည့်ပရိသတ်များ၊ Biker များမှ ထိုင်းဘတ်ငွေ (၂၂၈၅၀)ဘတ် ၊ မြန်မာငွေ (၁၀၄၅၀)ကျပ် နှင့် အင်ဒိုနီးရှားရူပီးငွေ တစ်သိန်းနှင့် မလေးရှားငွေ (၂၄၁)ရင်းဂစ်တို့ကို စုပေါင်း လှူဒါန်းလာရာ ယနေ့ လှူဒါန်းထောက်ပံ့သော ကုန်ကျမှုများသည် International Bike Week မှ ရရှိလာသော လှူဒါန်းငွေများဖြင့် လှူဒါန်းထောက်ပံ့တာဖြစ်ကြောင်း သိရှိရသည်။
ဓါတ်ပုံ ။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်