တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မိုးကုတ်ဝိပဿနာလမ်းရှိ နေအိမ်တွင် ယနေ့ ဇန်န၀ါရီလ (၈)ရက် နံနက်ပိုင်းက ထမင်းချက်ဂတ်(စ်)မီးဖိုမှတဆင့် မီးလောင်မှုတစ်ခု ဖြစ်ပွားသည်။
ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မိုးကုတ်ဝိပဿနာလမ်းရှိ နေအိမ် အကျယ်( ၂၀' x ၁၀' )ပေရှိ မီးဖိုချောင် အဆောက်အဦတွင် ဂတ်(စ်)မီးဖိုဖြင့် ချက်ပြုတ်ရာမှ ဂတ်(စ်)များစွာ ဖွင့်မိရာမှ တဆင့် မီးလောင်မှု ဖြစ်ပွားတာဖြစ်ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။
နံနက်(၉)နာရီဝန်းကျင်မှ (၉း၁၀)နာရီ အချိန်ထိ ဂတ်(စ်)မီးဖိုမှ တဆင့် မီးလောင်မှုကြောင့် ဂတ်(စ်)အိုးနှင့် ဆက်စပ်ပစ္စည်းများမှာ မီးလောင်ကျွမ်းမှုထဲ ပါဝင်ခဲ့ရာ ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်(၅၀၀၀၀)၀န်းကျင်သာရှိပြီး အဆိုပါ မီးငြိမ်းသတ်ရာသို့ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ဦးဆောင်သည့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၃)စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး ထမင်းချက်ဂတ်စ်မီးဖိုမှတဆင့် မီးလောင်ကျွမ်းမှုကြောင့် ဒေါ်နန်းအေးရွှေစိန်အား တာချီလိတ်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် (ပ)၉/၂၀၁၅၊ ပုဒ်မ(၂၈၅)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။