ဒေသသုံး ဂုံရှမ်းစာဖြင့် ကျင်းပသည့် စာပြန်ပွဲ၌ ရှမ်းရဟန်း သာမဏေ ၂၁၈ပါး ၀င်ရောက်ဖြေဆို

ဒေသသုံး ဂုံရှမ်းစာဖြင့် ကျင်းပသည့် စာပြန်ပွဲ၌ ရှမ်းရဟန်း သာမဏေ ၂၁၈ပါး ၀င်ရောက်ဖြေဆို
ဇန်နဝါရီ 8, 2015
By Tachileik News Agency

ဒေသသုံး ဂုံရှမ်းဘာသာစာဖြင့် ဖြေဆိုကြသည့် (၄၇)ကြိမ်မြောက် သာသနပါလစာပြန်ပွဲကြီးကို တာချီလိတ်ခရိုင် အတွင်းရှိ ရှမ်းကျောင်းများရှိ ရဟန်းသာမဏေများမှ ၀င်ရောက်ဖြေဆိုကြရာ အဆိုပါ စာပြန်ပွဲကြီးကို တာချီလိတ်မြို့နယ်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် (၂)ရက်တိုင်တိုင် ကျင်းပပြုလုပ်သည်။

အဆိုပါ စာပြန်ပွဲကြီးအား တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်မှ နိုင်ငံတော် သြ၀ါဒါစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"မှ ကျင်းမှူး၍ တာချီလိတ်မြို့နယ်ဂေါပကအဖွဲ့ဝင်များ၊ နဂါးနှစ်ကောင်ကျောင်းတိုက် အကျိုးတော်ဆောင်များဖြင့် ကျင်းပပြုလုပ်ရာ ယနေ့ ဖြေဆိုသည့် စာပြန်ပွဲတွင် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးမှ အနီးကပ် ကြည့်ရှုစစ်ဆေးတော်မူသည်။

ယနေ့ ဇန်န၀ါရီလ(၈)ရက် မှ (၉)ရက်နေ့ထိ ကျင်းပပြုလုပ်သည့် (၄၇)ကြိမ်မြောက် သာသနပါလ စာမေးပွဲကြီးတွင် ပထမကြီးတန်းမှ ရဟန်းသာမဏေ(၃၂)ပါး၊ ပထမလတ်တန်းတွင် (၄၉)ပါးနှင့် ပထမငယ်တန်းတွင် (၁၃၇)ပါး စုစုပေါင်း (၂၁၈)ပါး ဖြေဆိုကြောင်း နဂါးနှစ်ကောင်းကျောင်းတိုက်၏ ကြော်ငြာထားချက်အရ သိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~