၂၀၁၄ -၂၀၁၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် မိုင်းဖြတ်တွင် ကျင်းပ

၂၀၁၄ -၂၀၁၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် မိုင်းဖြတ်တွင် ကျင်းပ
ဇန်နဝါရီ 12, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းစေရန် အတွက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်န၀ါရီလ (၁၁)ရက် နံနက် (၈)နာရီအချိန်က ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်က အမျိုးသားပညာရေးဥပဒေ အကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။

 ဆက်လက်၍ ခရိုင်ပညာရေးမှူး ဒေါ်သက်ထားက ပညာရေးဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်လဲ့လဲ့စောက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း ရှင်းလင်းပြောကြားသည်။

 ယင်းနောက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပြိုင်ပွဲအသီးသီးမှ ဆုရ ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီး ချီးမြှင့်ပေးကြပြီးနောက် ကျောင်းသား/ကျောင်းသူများမှ အကပဒေသာများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြသည်။

အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ် အထောက်အကူပြုကော် မတီဝင်များ ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းဆရာ/ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုံလင်စွာ တက်ရောက်ကြောင်း သိရှိရသည်။

သတင်း ။  ။ ရှောလမွန်

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~