ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ပေါ် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၉၁)ဦး စာစီစာကုံး၊ ပန်းချီ/ကာတွန်း နှင့် ကဗျာတွင် ၀င်ပြိုင်

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ပေါ် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၉၁)ဦး စာစီစာကုံး၊ ပန်းချီ/ကာတွန်း နှင့် ကဗျာတွင် ၀င်ပြိုင်
ဇန်နဝါရီ 24, 2015
By Tachileik News Agency

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် အထိမ်းအမှတ် အနေဖြင့် တာချီလိတ်ဒေသခံများနှင့် လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ နိုင်ငံရေးပါတီများ ပါဝင်ဖွဲ့စည်းထားသည့် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် ပွဲတော်ကျင်းပရေး ကော်မတီမှ ကြီးမှူးကျင်းပသည့် "ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့် မွေးနေ့အထိမ်းအမှတ်" စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ ပြိုင်ပွဲကို ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂၄)ရက် နံနက်(၉)နာရီ အချိန်က တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၁)ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ကျင်းပပြုလုပ်သည့် အဆိုပါ ပြိုင်ပွဲ၌ အထက်တန်း အဆင့်မှ ကဗျာ (၈)ဦး၊ စာစီစာကုံး (၁၂)ဦး၊ ပန်းချီ(၈)ဦး နှင့် ကာတွန်း(၁၁)ဦး စုစုပေါင်း အထက်တန်း အဆင့်မှ (၃၉)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

အလယ်တန်း အဆင့် အနေဖြင့် ကဗျာ (၆)ဦး၊ စာစီစာကုံး (၁၁)ဦး၊ ပန်းချီ(၁၃)ဦး နှင့် ကာတွန်း(၁၁)ဦး စုစုပေါင်း (၄၁)ဦးနှင့် မူလတန်း အဆင့် အနေဖြင့် ပန်းချီ(၅)ဦး နှင့် ကာတွန်း(၆)ဦး စုစုပေါင်း (၁၁)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲကို တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ၀င်ရောက် ယှဉ်ပြိုင်ကြတာဖြစ်ပြီး ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထားကြသော အချက်အလက်များကို တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် ပွဲတော်ကျင်းပရေး ကော်မတီမှ ဆပ်ကော်မတီများက ကြီးကြပ်စစ်ဆေးပြီး ဆုများပေးအပ်နိုင်ရန် အတွက် စိစစ်ရွေးချယ်သွားမှာ ဖြစ်ကြောင်း နှင့် ယင်းပြိုင်ပွဲသို့ ကော်မတီမှ တာဝန်ရှိသူများက အနီးကပ်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံစံတူ ၀တ်စားဆင်ယင်မှုပြိုင်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ညနေ(၆)နာရီ အချိန်တွင် ရှမ်းမရိုးမကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ၀င်ရောက် ယှဉ်ပြိုင်လိုသူ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့်  တာချီလိတ်မြို့နယ် ပညာရေးမှူးရုံးတွင် စာရင်းပေးပို့နိုင်မှာ ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။

ပုံများကိုကြည့်ရန်
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့ပေါ်....

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~ ကြော်ငြာ ~~~~~~~~~