ဈေးပြိုင်လေလံရောင်းချပွဲ တာချီလိတ်၌ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ စည်ပင်သာယာရေးကော်မတီမှ လေလံလျှောက်လွှာများ ခေါ်ယူ

ဈေးပြိုင်လေလံရောင်းချပွဲ တာချီလိတ်၌ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ စည်ပင်သာယာရေးကော်မတီမှ လေလံလျှောက်လွှာများ ခေါ်ယူ
ဇန်နဝါရီ 27, 2015
By Tachileik News Agency

၂၀၁၅ - ၂၀၁၆ခု ဘဏ္ဍာရေးနှစ်အတွက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ် အခွင့်အရေး လိုင်စင်များ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချမှုကို တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချမည့် အမျိုးအမည်မှာ (၁၆)နေရာစာရှိပြီး လေလံ ၀ယ်ယူလိုသူများ အနေဖြင့် လျှောက်လွှာများကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့အထိ တာချီလိတ်မြို့နယ် စည်ပင်သာယာကော်မတီရုံးတွင် လျှောက်ထားနိုင်မှာ ဖြစ်ပြီး ဈေးပြိုင်လေလံရောင်းချမှုကို ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၉)နာရီအချိန်၌ တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် လေလံ အမျိုးအစားများမှာ -

  • (၁) ၀မ်ကောင်း အပေါင်ဆိုင် - ၁
  • (၂) ၀မ်ကောင်း အပေါင်ဆိုင် - ၂
  • (၃) ၀မ်ကောင်း အပေါင်ဆိုင် - ၃
  • (၄) ပုန်းထွန် အပေါင်ဆိုင် - ၁
  • (၅) ပုန်းထွန် အပေါင်ဆိုင် - ၂
  • (၆) ဆန်ဆိုင်း(က) အပေါင်ဆိုင် - ၁ 
  • (၇) ဆန်ဆိုင်း အပေါင်ဆိုင်  - ၂
  • (၈) မကာဟိုခမ်း အပေါင်ဆိုင် 
  • (၉) မယ်ခေါင် အပေါင်ဆိုင် 
  • (၁၀) ဟောင်လိတ် အပေါင်ဆိုင်
  • (၁၁) တာလော့ဈေး ယာဉ်စောင့်
  • (၁၂) တာလော့ဈေး ပျံကျဈေးကောက်
  • (၁၃) တာလော့ ရေအိမ် (အိမ်သာ)
  • (၁၄) ဖန်မင် ဈေးကောက်
  • (၁၅) ချစ်ကြည်ရေး တံတား(၁)/(၂) ဘီးကောက်
  • (၁၆) အဝေးပြေးကားကြီး ဘီးကောက်

စုစုပေါင်း (၁၆)နေရာရှိပြီး လျှောက်လွှာကိစ္စရပ်များနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးသို့ သွားရောက်၍ စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ
ဖုန်း ။   ။ 084-51749 ၊ 084-51035

( ကြမ်းခင်းဈေးနှုန်းများကို ဖော်ပြပုံများတွင် ကြည့်ရှုနိုင်ပါသည် )

 Tachileik Online News ( www.tachileik.net  )