တာချီလိတ်၏ နွေရာသီကျောင်းပိတ် ကာလအတွင်း အွန်လိုင်းဂိမ်းကစားသူများလာ

တာချီလိတ်၏ နွေရာသီကျောင်းပိတ် ကာလအတွင်း အွန်လိုင်းဂိမ်းကစားသူများလာ
ဧပြီ 21, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင် နွေရာသီ ကျောင်းပိတ်ရက်အတွင်း အွန်လိုင်းဂိမ်း ကစားသော လူငယ်များ ပိုမို များပြားလာသော်လည်း အွန်လိုင်းဂိမ်းပြိုင်ပွဲများ ရှားပါးလျှက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အများဆုံးကစားတဲ့ အွန်လိုင်းဂိမ်းကတော့ Sudden Attack(SA), Xshot, Dota Online Game တို့ Audition တို့လို ဂိမ်းတွေ ကစားတာများတယ်”ဟု ဂိမ်းကစားသူ အောင်အောင်မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် အင်တာနက်လိုင်းများ ကောင်းသောကြောင့် အွန်လိုင်းဂိမ်းကစားရာတွင် မြန်ဆန် ပေမဲ့လည်း ဒေသတွင်း ပြိုင်ပွဲများ ကျင်းပခြင်းမရှိသည့်အတွက် အရည်အသွေးများ ထုတ်ဖော်ပြသနိုင်ခြင်း မရှိကြောင်း နှင့် ပြည်တွင်းသို့ သွားရောက်ယှဉ်ပြိုင်ရန် အတွက်လည်း လက်လှမ်းမမှီကြောင်း ၎င်းမှပြောသည်။

နွေရာသီကျောင်းပိတ်ရက်တွင် ဂိမ်းကစားသော ကလေးများ ပိုမိုများပြားလာရာ ယခင်က တစ်ရက်လျှင် ဘတ်(၈၀၀)ခန့်ရရှိရာမှ ယခုဘတ်(၁၀၀၀)ကျော်ဝင်ပြီး တစ်နာရီ (၁၅)ဘတ်ဖြင့် ကောက်ခံကြောင်း ဂိမ်းဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

“ကလေးတွေ လာဆော့တာ ပိုများလာတယ်၊ အင်တာနက်ဆိုင်နဲ့ ဂိမ်းဆိုင်တွဲထားတော့ လူကြီးကော လူငယ်ကော အစုံလာတယ် ကလေးတွေလာတာ ပိုက်ဆံရပေမယ့် အသံဆူပြီး နားငြီးတယ်၊လူကြီးတွေတော့ သူဟာသူတို့ သတင်းလာဖတ်တာတို့ Data ဒေါင်းလုတ်လာဆွဲတာတို့ အချက်အလက် လာရှာတာတို့ လောက်ဘဲရှိတာ”ဟု ဂိမ်းဆိုင်ပိုင်ရှင် တစ်ဦးမှပြောသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~