ပူပြင်းခြောက်သွေ့သော နွေရာသီကာလအတွင်း မီးဘေး အန္တရာယ်ဖြစ်ပွားမှုများ လျော့နည်း ကျဆင်းရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မီးသတ်ဦးစီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ယနေ့ ဧပြီလ(၂၁)ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်နိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ရီဂျီးနားဟိုတယ်မှ ၀န်ထမ်းများအား ဟိုတယ် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး အကြောင်းအရာများကို သိကောင်းစရာအဖြစ် လက်တွေ့ ရှင်းလင်းပြောကြားရာ ဟိုတယ်ဝန်ထမ်း (၈၅)ဦး တက်ရောက်ပြီး လေ့လာမှတ်သားခဲ့ကြသည်။
မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက DCP မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှု ဆောင်ရွက်ခြင်းများအား သရုပ်ပြသကြပြီးနောက် ဟိုတယ်ဝန်ထမ်းများမှ DCP မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်မှုများအား လက်တွေ့ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သတင်း။ ။ မောင်ယဉ်ကျေး
#TachileikOnlineNews
www.tachileik.net ❂⊱