တာချီလိတ်မြို့တွင် BBoy အက ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်

တာချီလိတ်မြို့တွင် BBoy အက ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ၀င်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်
မေ 12, 2015
By Tachileik News Agency

တာချီလိတ်မြို့ရှိ BBoy အက ၀ါသနာရှင် အမျိုးသား၊ အမျိုးသမီးမရွေး လူငယ်များအား BBoy အကပညာကို တိုးတက်စေရန်နှင့် ပြိုင်ပွဲအသီးသီးတို့တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရေးအပြင် အတွေ့အကြုံကောင်းများ ရရှိစေရေးအတွက် BBoy အကပြိုင်ပွဲကို တာချီလိတ်မြို့ရှိ မိုးလုံလေလုံ အားကစားရုံတွင် ၂၀၁၅ခုနှစ် မေလ(၁၅)ရက် နေ့လည်(၁)နာရီမှ ညနေ(၅)နာရီအချိန်ထိ ကျင်းပသွားမှာဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို တာချီလိတ်သတင်းအေဂျင်စီ နှင့် ထိုင်းနိုင်ငံမှ ပဲနို့ရည်ထုတ်လုပ်သည့် Lactasoy  နှင့် ရွှေဝင်းဖြိုးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းစီစဉ် တင်ဆက်တာဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ပြိုင်ပွဲမကျင်းပမီ တစ်ရက်အလိုအထိ စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး ပြိုင်ပွဲဝင်ကြေးအား ပေးရန်မလိုသည့် အပြင် လာရောက်ကြည့်ရှုသူများ အနေဖြင့်လည်း အခမဲ့ကြည့်ရှုနိုင်မှာဖြစ်ပါသည်။
( ပြိုင်ပွဲဝင်သူများအား အခမဲ့ပေးမည့် အမှတ်တံဆိပ်ပါ အင်္ကျီ )

BBoy အက ပြိုင်ပွဲတွင် တာချီလိတ်ဒေသခံ လူငယ်လေးများမှ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ထိုင်းနိုင်ငံမှ BBoy အက ၀ါသနာရှင် လူငယ်များမှ ဒိုင်အဖြစ်လာရောက် ဆောင်ရွက်ပေးမှာဖြစ်ပါသည်။

တာချီလိတ်သတင်းအေဂျင်စီအနေဖြင့် တာချီလိတ်သတင်းအေဂျင်စီ နှင့် ထိုင်းနိုင်ငံမှ ပဲနို့ရည် ထုတ်လုပ်သည့် Lactasoy  နှင့် ရွှေဝင်းဖြိုးကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်များ ရှိပါသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~