တာချီလိတ်မြို့သူ၊ မြို့သားများမှ စုပေါင်းဆင်ယင်ကျင်းပပြုလုပ်မည့် အရှင်အရဟံမထေရ်မြတ် နှင့် အနော်ရထာမင်းစောတို့၏ နှစ်(၁၀၀၀)ပြည့် အထိမ်းအမှတ် တရားပွဲကို တာချီလိတ်၌ မေလ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားပွဲတွင် မေလ(၁၅)ရက်နေ့၌ မြူမှုန်မှဝိမုတ္တိ ဓမ္မရိပ်သာမှ ဆရာတော် အရှင်ခေမာစာရမှာ ဟောကြားတော်မူမှာဖြစ်ပြီး မေလ(၁၆)ရက်နှင့်(၁၇)ရက်နေ့တို့တွင် ဓမ္မဘေရီ ဆရာတော် အရှင်ဝီရိယ(တောင်စွန်း)မှ ဟောကြားတော်မူမှာဖြစ်ကြောင်း သိရသည်။
(၃)ရက်တိုင်တိုင် ညစဉ်(၇း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်မည့် အဆိုပါတရားပွဲကို တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ သီရိမင်္ဂလာဆန်ဆိုင်း ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း တရားပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။