ကျိုင်းလပ်မြို့ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ နှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ကျိုင်းလပ်မြို့ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ နှင့် အလှူငွေများ ပေးအပ်လှူဒါန်း
သြဂုတ် 7, 2015
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု နှင့် နမ့်ခင်းကျေးရွာ အုပ်စုများရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ နှင့်အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို သြဂုတ်(၆)ရက်၊ ညနေ(၃)နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ပေးနိုင်ရေး ဘဏ္ဍာငွေရှာဖွေရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးကြည်မြင့်က ကော်မတီဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများတွင် ကယ်ဆယ်ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ ဘဏ္ဍာငွေရရှိရေးအတွက် အလှူခံဌာနများဖြင့် စနစ် တကျဆောင်ရွက်နေမှုများနှင့် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းပေးသည့် စေတနာရှင် အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပြီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် က လှူဒါန်းရရှိမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။

ထို့နောက် ၀မ်ကောင်းရပ်ကွက်မှ ဆန်(၄)အိတ်၊ ခေါက်ဆွဲခြောက်ဖာ အကြီး(၂)ဖာ၊ ငါးသေတ္တာ(၁)ဖာ၊ အ၀တ်အထည်(၅)ထုပ်၊ ဆေခမ်းရပ်ကွက် မှခေါက်ဆွဲခြောက်ဖာအကြီး(၁)ဖာနှင့် ထိုင်းဘတ် ၁၀၀၀၀၊ မဲခေါင်မြစ် ဟိုတယ် မှ ဆန်(၁၅၀)အိတ် ၊ ဆီ(၁၀၀)ဖာ၊ ငါးသေတ္တာ(၄၃)ဖာ၊ ဖိနပ်(၁၀၄)ဒါဇင်၊ မြို့နယ် စည်ပင်သာယာရေးဌာန မှ အင်ဂျင်နီယာမှူး ဦးလှမျိုးက ငွေကျပ်(၂)သိန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန မိသားစုကငွေကျပ်(၂)သိန်း၊ စံလင်းဖြိုးကုမ္မဏီမိသားစု ရေသန့်(၆၇)ဒါဇင်၊ ခေါက်ဆွဲ ခြောက်ဖာအကြီး(၁၇)ဖာ၊ အလှူငွေကျပ်(၁၀)သိန်းနှင့်ဆေး (၂)ဖာ၊ ဓာတ်ဆား(၂)ဖာ၊ စောင်အထည်(၁၅၀)တို့ကို လှူဒါန်းသည်။

 ဆက်လက်၍ ကျင်းလုံဟိုတယ် မိသားစုက အလှူငွေကျပ်(၁၀)သိန်း၊ ဦးစိုင်းလှဝင်းနှင့် ဇနီး ဒေါ်နန်းနွဲ့ မိသားစုက ရေသန့်ဒါဇင်(၂၀၀)၊ ဦးနန်းကျောက် နှင့် ဒေါ်နန်းခမ်း မိသားစုက ခေါက်ဆွဲခြောက်ဖာအကြီး(၂)ဖာ၊ ရွှေတာချီခရီးသွားလုပ်ငန်း က အလှူငွေကျပ်(၁၀)သိန်း၊ စက်သုံးဆီပန့်လုပ်ငန်းရှင်များအသင်းက အလှူငွေ ကျပ်(၁၂)သိန်း နှင့်ချစ်ကြည်ရေးဆီပန့် က အလှူငွေကျပ် (၂၅၀၀၀၀)တို့ကို စေတနာရှင် အလှူရှင်များက ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများ က လက်ခံ ရယူခဲ့သည်။

ကျိုင်းလပ်ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် သြဂုတ်လ ၄ ရက် နေ့မှ စတင်၍ အလှူခံဌာနများသို့ လာရောက်လှူဒါန်းရာ ယနေ့အခမ်းအနားတွင် လှူဒါန်းမှုအပါအ၀င် စုစုပေါင်း ခေါက်ဆွဲထုပ်(၅၀၀)ထုပ်၊ဆန်(၁၆၉)၊ ဆီ(၁၀၇)ဖာနှင့်(၃)ပုံး၊ ရေသန့်(၇၆၉)ဒါဇင်၊ ခေါက်ဆွဲခြောက်(၇၉)ဖာ၊ ငါးသေတ္တာ(၈၁)ဖာ (၆)ကဒ်၊ အချိုရည်(၈)ဖာ နှင့် (၆)ကဒ်၊ နို့ဗူးကဒ်(၇)ဖာ (၃၀)ထုပ်၊ မုန့်မျိုးစုံ(၄)ဖာ၊ ဆား(၁)အိတ်(၃)ထုပ်၊ အ၀တ်အထည်(၅)ထုပ်၊ အလှူငွေ ကျပ် ၅၀၅၀၀၀၀ နှင့် ထိုင်းဘတ် ၄၁၄၆၀ ဘတ်ရရှိပြီ ဖြစ်ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း
ဓါတ်ပုံ။  ။ ယာဆေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~